Chapter 465

1.1K 136 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(36)

Chapter-7

(ဝမ်းမြောက်ရွှင်လန်းစရာ ယုံကြည်မှု)

"အမ်… ဂျူနီယာညီလေးရဲ့ စကားတွေက ဘာအဓိပ္ပာယ်လဲ….." မိုယုထန်က ပဟေဠိဖြစ်စွာဖြင့် မေးမြန်းလိုက်သည်။

"ဂိုဏ်းတူအစ်ကို… သူက ဘယ်နှစ်ခုမြောက် ဓားစာလုံးကို ဆင်ခြင်သုံးသပ်နေလဲဆိုတာ ခန့်မှန်းကြည့်ပါ….."

မိုယုထန်က အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ထျန်းယွီကို တစ်ချက်ပြန်ကြည့်ကာ အလိုအလျောက်ပင် သူ၏ ခေါင်းကို ခါယမ်းခဲ့၏။

ထျန်းယွီ၏ ဦးခေါင်းက အလွန်မြင့်မားသော နေရာသို့ မျက်နှာမူနေခဲ့သည်။ သို့သော် သူက မည်သည့်"ဓား"စာလုံးကို ကြည့်ရှုနေလာနေသည်အား မိုယုထန်က ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။

ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "ကျွန်တော်ခန့်မှန်းတာ မှန်ကန်ရင်တော့ စီနီယာအစ်ကို ထျန်းယွီက ၃၇ခုမြောက် စာလုံးကို လက်ရှိအချိန်မှာ လေ့လာဆင်ခြင်နေတာပဲ ဖြစ်လိမ့်မယ်….."

"ဘယ်လို… ၃၇ခုမြောက် စာလုံးလား… အဲဒီဟာက ဆိုလိုနေတာ….." မိုယုထန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုခဲ့သည်။

ယီယွမ်က ခေါင်းညိတ်၍ သေချာစွာဖြင့် ပြောခဲ့၏။ "ဟုတ်တယ်… သူက နောက်ဆုံးစာလုံးကိုးလုံးကို ဆင်ခြင်သုံးသပ်နေခဲ့ပြီ… သူက အပြည့်အဝ နားလည်သဘောပေါက်ခဲ့ပြီဆိုရင် သူ့ရဲ့ အစစ်အမှန်အသိက ပုံစံတည် ဖြစ်ပေါ်လာလိမ့်မယ်….."

ကျောက်တုံးကြီးပေါ်တွင် ယီယွမ်ရေးထွင်းခဲ့သော စာလုံးများတွင် တစ်လုံးချင်းစီက သာမန်အဆင့်တစ်ခု ဖြစ်သည်။ စာလုံးကိုးလုံးတိုင်းက အဓိကအဆင့်တစ်ခု ဖြစ်ပြီး အဆင့်တစ်ခုပြီးတစ်ခု တဖြည်းဖြည်း တက်လာခဲ့ခြင်း ဖြစ်ပေ၏။

ထျန်းယွီက ၃၇ခုမြောက် စာလုံးကို ဆင်ခြင်သုံးသပ်နေပြီဖြစ်ရာ သူက နောက်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now