Chapter 546

1.1K 143 7
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(42)

Chapter-5

(လူစုံတက်စုံ ရောက်ရှိလာခြင်း)

ချောင်ကျန်းက ယီယွမ်ကို စိုက်ကြည့်ပြီး လက်သီးလက်ဝါးဆုပ်၍ ပြောဆိုလိုက်သည်။ "ဒါဆိုရင် ငါက ညီငယ်လေးယီကို ဒုက္ခပေးရဦးမယ်… မနက်ဖြန်မှာ ငါ,ချောင်ကျန်းက ညီငယ်လေးယီရဲ့ သင်ခန်းစာပို့ချတာကို နားထောင်ဖို့ သေချာပေါက် လာခဲ့ပါမယ်….."

ချောင်ကျန်း၏ စကားများက ယီယွမ်၏ ပွဲတစ်ခုကျင်းပ၍ သင်ခန်းစာပို့ချမည်ကို အမှန်တကယ် အသိအမှတ်ပြုပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်၏။

သူ၏ ရပ်တည်မှုက ပရိသတ်များကို နောက်တစ်ကြိမ် ပွက်လောရိုက်သွားစေခဲ့သည်။

ချောင်မိသားစုရဲ့ အခြေခံအုတ်မြစ်နဲ့တောင် သူက ယီယွမ်ရဲ့ သင်ခန်းစာကို နားထောင်ဖို့ လိုအပ်သေးလို့လား…..

ဘေးတွင်ရှိနေသော သိုင်းပညာရှင်များနှင့် မှော်ဆေးပညာရှင်များက ယီယွမ်ကို အံ့အားသင့်နေသော အကြည့်များဖြင့် ကြည့်နေခဲ့ကြ၏။

ထိုအချိန်၌ အစေခံတစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "ကောင်းကင်ဘုံသိုင်းပညာအဖွဲ့က ဘိုးဘေးကြီးနင်… အသင်္ချေဓားအဖွဲ့က ဘိုးဘေးကြီးချင်နဲ့ နက်နဲသိမ်မွေ့သောရေခဲအဖွဲ့က ဘိုးဘေးကြီးကျင့်ရွှမ်တို့ ရောက်ရှိလာပါတယ်….."

"မဖြစ်နိုင်ဘူးမဟုတ်လား… အဖွဲ့ကြီးသုံးဖွဲ့က ဘိုးဘေးတွေက တကယ်ဒီနေရာကို ရောက်လာကြတာလား… သူတို့မှာ ဘယ်လိုအဆင့်အတန်းမျိုး ရှိနေတာလဲ… သူတို့က မြို့ပိုင်အရှင်သခင်ရဲ့ သမီး လက်ထပ်ပွဲကို ကိုယ်တိုင်လာရောက်ပေးဖို့ လိုအပ်ကြလို့လား….."

"ဘိုးဘေးကြီးသုံးယောက်က မဟာမိတ်အဖွဲ့ တည်ထောင်တဲ့ကိစ္စနဲ့ ပတ်သက်တဲ့ အရာတွေအားလုံးကို ပြင်ဆင်နေတာ မဟုတ်ဘူးလား… သူတို့ရဲ့ အလုပ်ရှုပ်နေတဲ့ အချိန်ဇယားကနေ လက်ထပ်ပွဲကို တက်ရောက်ဖို့ အချိန်ရှိတယ်ပေါ့….."

"အဖွဲ့သုံးဖွဲ့ရဲ့ ဘိုးဘေးကြီးသုံးယောက်က မြို့ပိုင်အရှင်သခင်ရဲ့ မြေးအတွက်နဲ့ ရောက်လာတာတော့ မဟုတ်ပါဘူးနော်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Donde viven las historias. Descúbrelo ahora