အခန်း ၂၀၀

606 9 1
                                    

Poliana ရောက်လာတဲ့အကြောင်း Sir Wook ကြားလိုက်တော့ သူက သူမဆီကို သွားလိုက်သည်. Poliana က သူမနားမှာ ရှိနေသေးတဲ့ ကိုယ်ရံတော်တွေကို ထွက်သွားခိုင်းလိုက်သည်. Sir Wook က သူမကို နားချလာသည်.

"မင်းနားဖို့လိုတယ် Sir Poliana. မင်း ဒဏ်ရာက အဆင်ပြေရဲ့လား? မင်း အိမ်ပြန်ပြီးတော့ မနက်ဖန်မှ ရဲတိုက်ကို လာသင့်တယ်"

"ငါ အဆင်ပြေပါတယ် Sir Wook ဘာတွေဖြစ်ခဲ့လဲဆိုတာကို ငါ သိချင်တယ်"

"Sir Pol... မင်း အခု အိမ်ပြန်ပြီးတော့ နားဖို့လိုနေပြီ. ငါ့ကိုယ်ရံတော်တွေကို မင်းကို လိုက်ပို့ခိုင်းလိုက်မယ်"

"ငါ အဲ့လောက် မပင်ပန်းပါဘူး. ငါ့မြင်းကသာ ငါ့ထက် အခြေအနေဆိုးနေတာ. မင်းမြင်းတွေထဲက တစ်ကောင်လောက် ငါ့ကို ငှားလို့ရမလား?"

"ကောင်းပြီလေ. မင်းသွားပြီး ဆေးကြောလိုက်ဦး ငါ မင်းအတွက် မြင်းတစ်ကောင်အဆင်သင့်ပြင်ပေးထားမယ်"

Poliana က ခေါင်းငြိမ့်လိုက်ကာ တော်ဝင်ကိုယ်ရံတော်တွေ အသုံးပြုတဲ့ သန့်စင်ခန်းကို သွားလိုက်သည်. သူမကိုယ်သူမ သန့်ရှင်းအောင် ဆေးကြောလိုက်ကာ ဝတ်စုံအသစ်ကိုလဲ ငှားရမ်းလိုက်သည်. သူမ အားလုံးပြင်ဆင်ပြီးသွားချိန်မှာတော့ နေဝင်သွားပြီဖြစ်ကာ ကောင်းကင်က မဲမှောင်လာသည်. အပြင်ဘက်က ဆိုင်အများစုကတော့ ပိတ်သွားလောက်ပြီ. Sir Wook ကလဲ ပြန်သွားဖြစ်ပြီး Sir Jainno က သူမကို အပြင်မှာစောင့်နေသည်.

Sir Jainno က ပြောလိုက်သည်.

"ရဲတိုက်ဝင်ပေါက်က ပိတ်သွားပြီ. မနက်ဖန် မနက်ဖွင့်တော့မှပဲ သွားလို့ရမှာ"

"ဟမ်.. ဒါ့ကြောင့် သူက ငါ့ကို အရင် သန့်ရှင်းရေးလုပ်ခိုင်းလိုက်တာလား? ဒါမှ ငါရဲတိုက်ကို ဝင်ဖို့ နောက်ကျသွားအောင်လို့လား?"

Sir Jainno က ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်.

"Sir Wook ဘာတွေစဉ်းစားနေလဲဆိုတာက ငါက ဘယ်လိုလုပ်သိမှာလဲ?"

Sir Jainno က သူနဲ့အတူ ညစာစားဖို့ ဖိတ်ခေါ်လိုက်ပြီး Poliana က ငြင်းဆန်လို့မရခဲ့ပေ. သူမ မရှိတဲ့အချိန်အတွင်း Yapa မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို Sir Jainno က ရှင်းပြနေတုန်းမှာ သူမကတော့ အစားအသောက်တွေကို အလျင်အမြန်စားလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now