အခန်း ၂၈၉

44 4 0
                                    

Poliana ရဲ့ မမွေးရသေးတဲ့ကလေးရဲ့ဖခင်ဖြစ်သူ Lucius က သူ့စစ်သည်မပါပဲ တော်ဝင်ကိုယ်ရံတော်တွေသာ ပြန်ရောက်လာတာကို တွေ့လိုက်တော့ စိတ်ပျက်သွားသည်. Poliana က အားလပ်ရက်ရှည် တောင်းခံထားပြီး သူ့ရဲ့စိတ်ရှည်မှုကို စမ်းသပ်နေတာနဲ့ တူနေသည်. Poliana ခွင့်တောင်းတုန်းကတော့ တစ်လလောက်သာ ကြာမြင့်နိုင်မယ်ထင်ခဲ့ပေမဲ့ ကြည့်ရတာ သူမက Yapa မှာ အချိန်အတော်ကြာတဲ့အထိ မရှိလောက်ပေ.

Sir Ainno က ဧကရာဇ်ကို ပြောလိုက်သည်.

"သူမကို ဒီအတိုင်း အလုပ်သာ ဖြုတ်လိုက်တော့"

Poliana က သူမအလုပ်တာဝန်ကနေ ခွင့်အကြာကြီးယူရဲတဲ့အတွက် သူက စိတ်တိုနေပုံရသည်. Lucius က သူ့ကို စိုက်ကြည့်လာတော့ သူက ပြန်ကြည့်ကာ ပြောလိုက်သည်.

"တကယ်လို့ အရှင်က သူမကို အလုပ်ဖြုတ်မယ်လို့ ပြောလိုက်ရင် သူမက ချက်ချင်းပြန်လာမှာလေ.. အရှင် ဒါကို သိပါတယ်"

"ငါ သူမကို အလုပ်ဖြုတ်မှာမဟုတ်ဘူး!"

"အင်းလေ... အရှင်လုပ်ဖို့တော့ လိုနေတာပဲ.. ဟုတ်တယ်မလား?"

တကယ်လို့ Lucius က သူမကို လက်ထပ်ခွင့်တောင်းပြီးတော့ လက်ထပ်လိုက်ရင် Poliana က ဧကရီဖြစ်လာမှာ ဖြစ်သည်. ဧကရီတစ်ပါးဖြစ်လာဖို့ Poliana က ဒုတိယတပ်ဖွဲ့ခေါင်းဆောင် နေရာကို လက်လွှတ်ပေးရမှာ ဖြစ်သည်.

ပြီးတော့ Poliana အနေနဲ့ သူမနေရာကို အလွယ်တကူ လက်လွှတ်နိုင်စရာ အကြောင်းမရှိပေ.

ဒါကြောင့် နောက်ဧကရီဖြစ်လာဖို့အတွက် သူမ လက်ခံလာနိုင်ချေက Lucius အနေနဲ့ သူမကို ဘယ်လောက်ထိ ချိုချိုသာသာနဲ့ ဆွဲဆောင်နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေသည်. ကံကောင်းစွာနဲ့ပဲ Lucius က သူလုပ်နိုင်မဲ့ ကိစ္စလို့ ယုံကြည်နေသည်. သူ့အစီအစဉ်တွေ မအောင်မြင်ခဲ့ရတဲ့ တစ်ခုတည်းသောအကြောင်းအရင်းက Poliana နဲ့ သူ့ကြားက ဆက်ဆံရေးကို တမင်စည်းတားထားခဲ့လို့ ဖြစ်သည်.

ဒီကမ္ဘာမှာ သူ့ထက် ခန့်ညားတဲ့ယောက်ျားမရှိပေ. အရင်တည်းက Lucius ရဲ့အလှတရားကို Poliana က နှစ်သက်သဘောကျခဲ့တာ ဖြစ်သည်. သူ့ရဲ့အသွင်အပြင်ကြောင့် သူမက ဂုဏ်ယူခဲ့သည်. သူ့ရဲ့အလှတရားကို နိုင်ငံ့ရတနာအဖြစ် သူမက ယူဆထားခဲ့သည်. တကယ်လို့ Lucius သာ သေချာကြိုးစားပြီးတော့ ပိုးပန်းခဲ့ရင် Poliana က သူ့ကို ချစ်လာမယ်ဆိုတာကို သူ သေချာသိနေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now