အခန်း ၂၄၁

40 3 0
                                    

Poliana က ဧကရာဇ်ရဲ့အမိန့်အတိုင်း တော်ဝင်သမားတော်တွေဆီကို သွားလိုက်သည်. ဒီရူးသွပ်ခြောက်ခြားစရာကောင်းတဲ့နေ့မှာ ဒဏ်ရာရတဲ့သူဆိုလို့ သူမတစ်ယောက်တည်းသာရှိသည်. ဒါက သူမလုံးဝကံမကောင်းတာကြောင့်တော့ မဟုတ်ပေ. ဒါတွေက သူမရဲ့တာဝန်သိတတ်မှုကြောင့်သာဖြစ်သည်. သူမ အခန်းထဲကို ဝင်သွားတော့ သမားတော်တွေက သူမနားမှာ ဝိုင်းအုံလာကြသည်. ရဲတိုက်ထဲမှာ စစ်သည်တွေနဲ့ စစ်သားတွေပြေးလွှားနေတာကို မြင်တွေ့လိုက်ရပြီးတည်းက သမားတော်တွေက တွေဝေကာ ကြောက်လန့်နေခဲ့တာဖြစ်သည်. ရဲတိုက်ဝင်ပေါက်နဲ့ ထွက်ပေါက်တွေအားလုံးကို ပိတ်ထားခဲ့ကာ ကြောက်မက်ဖွယ်ကောလဟာလတွေလဲ ပျံ့နေခဲ့သည်. တစ်ချို့ကတော့ Lady Tory က ရူးသွပ်သွားပြီဆိုတာကို ယုံကြည်နေကြပြီး တစ်ချို့ကတော့ Acreian အထက်တန်းလွှာတွေက ပုန်ကုန်နေပြီဆိုတာကို ကြားခဲ့ကြသည်.

တော်ဝင်အစောင့်တွေက မလိုအပ်ပဲ ရဲတိုက်ထဲလျှောက်မသွားဖို့ ပြောထားတာကြောင့် တော်ဝင်သမားတော်တွေက သူတို့ဆေးခန်းကနေ မထွက်သွားရဲကြပေ.

သမားတော်တွေက သိချင်နေကြသည်. အပြင်မှာ ဘာတွေဖြစ်နေကြတာလဲ? ပြီးတော့ သူတို့မေးခွန်းတွေအတွက် အဖြေကို သိနေလောက်တဲ့ Poliana ရောက်လာတာကြောင့် သူတို့က စိတ်လှုပ်ရှားသွားကြသည်. ဒါပေမဲ့ သူမဒဏ်ရာကိုတွေ့လိုက်တော့ သမားတော်တွေက ပိုပြီးတော့ ကြောက်လာကြသည်.

'Marquis Winter က ဒဏ်ရာရလာတယ်.. ဘာလို့လဲ?'

'သူမက တာဝန်ကျနေတာမဟုတ်ဘူးမလား? သူမက ခေါင်းဆောင်တစ်ယောက်လေ. ဒါဆို သူမက ဘာလို့ ဒဏ်ရာရလာတာလဲ? ဘာတွေဖြစ်ခဲ့တာလဲ?'

'တခြားဒဏ်ရာရတဲ့သူတွေရော ရှိနေသေးလား?'

စစ်တပ်ရဲ့ခေါင်းဆောင်တစ်ယောက်က အန္တာရယ်ရှိတဲ့အလုပ်တွေ လုပ်စရာအကြောင်းမရှိပေ. တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်က တော်ဝင်အစောင့်တွေကို လေ့ကျင့်ပေးဖို့နဲ့ အုပ်ချုပ်ဖို့သာ တာဝန်ရှိတာကြောင့် သူတို့ရဲ့ အဓိကအလုပ်က ရုံးခန်းမှာထိုင်လုပ်ရတာပဲဖြစ်သည်. ဒါ့ကြောင့်ပဲ တပ်ဖွဲ့ခေါင်းဆောင်က အနားယူဖို့ အသက်အကန့်အသတ်မရှိတာဖြစ်သည်. အသက် ၆၀ ကျော် လူအိုကြီးကတောင် ဒီအလုပ်ကို လုပ်နိုင်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now