အခန်း ၂၉၆

49 8 0
                                    

"Pol! စိတ်အေးအေးထားပါဦး! ဘာတွေဖြစ်လို့လဲ? မင်းဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ ငါခွင့်လွှတ်ပေးမယ်!"

Poliana အတွက် စိတ်ပူသွားတဲ့ Lucius က သူမကို မတ်တပ်ရပ်ဖို့ ကူညီလိုက်သည်. သူက သူအရမ်းချစ်ပြီးတော့ လွမ်းနေရတဲ့အမျိုးသမီးကို တွေ့ချင်လို့ လာခဲ့တာဖြစ်သည်. သူချစ်တဲ့ အမျိုးသမီးက သူ့ကိုတောင်းပန်နေတာကို မြင်ချင်လို့ လာခဲ့တာမဟုတ်ပေ. Lucius က သူတွေဝေသွားတာကို မဖုံးကွယ်နိုင်တော့ပဲ Poliana ရဲ့ မျက်နှာကတော့ တင်းမာလာသည်.

'သူ- သူမသိသေးဘူးလား? ငါ ဒီအတိုင်း ဝန်ခံမိသလိုဖြစ်သွားတာလား?'

"မင်းဘာတွေ ပြောနေတာလဲ? မင်းသားတစ်ပါးဆိုတာကရော ဘာလဲ?"

'သေလိုက်ပါတော့ဟာ...!'

ဧကရာဇ်က 'ခွေးစာလေး'အကြောင်းဘာမှ မသိသေးဘူးဆိုတာကို Poliana သတိပြုမိသွားသည်. ဒါ့ကြောင့် သူမဝန်ခံလိုက်တာက အချည်းနှီးဖြစ်သွားသည်. ဒါက ကံမကောင်းမှု တစ်ခုဖြစ်ပြီးတော့ အခုအချိန်မှာ စကားပြန်ပြင်ပြောဖို့ကလဲ နောက်ကျသွားခဲ့ပြီ. သူမက ထုတ်ပြောပြီးသားဖြစ်နေတာကြောင့် သူမရဲ့စကားတွေကို သေချာရှင်းပြဖို့လိုနေသည်. သူမက နောက်ပြောင်နေတာလို့ သူ့ကို ပြောလိုက်ဖို့ စဉ်းစားလိုက်ပေမဲ့ Poliana က ဒီအကြံကို အကောင်အထည်မဖော်ဖြစ်လိုက်ပေ. ဒီကမ္ဘာကြီးမှာ သင်နောက်ပြောင်လို့ရတဲ့ အရာတွေရှိသလို မနောက်ပြောင်သင့်တဲ့အရာတွေလဲ ရှိသည်. တရားမဝင်သားတစ်ယောက်ကို မွေးဖွားခဲ့တာက နောက်ပြောင်စရာမဟုတ်ပေ.

သူမက နောက်ထပ် လိမ်ညာမှုတစ်ခုကို ပြောလိုက်လို့ရသည်. သူမက တခြားလူတစ်ယောက်ရဲ့ ကလေးကို မွေးခဲ့တာကို မှားပြောမိတာလို့ ပြောလိုက်လို့ရသည်. သူမရဲ့ဧကရာဇ်က ကြင်နာတတ်ပြီး နားလည်မှုရှိတဲ့လူဖြစ်တာကြောင့် သူမကို ယုံကြည်မယ်ဆိုတာကို Poliana သိနေသည်.

ဒါပေမဲ့ ဒီအချက်ကြောင့်ပဲ သူမက သူ့ကို အမှန်အတိုင်းပြောဖို့ လိုအပ်တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေသည်.. သူမကို ဒီလောက်ယုံကြည်ပေးတဲ့လူတစ်ယောက်ကို ထပ်ပြီးတော့ မလိမ်ညာနိုင်တော့ပေ. သူမက ဖြေရှင်းချက်ပေးဖို့လိုနေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now