အခန်း ၂၄၆

34 4 0
                                    

အမျိုးသမီးတစ်ယောက်က နယ်မြေတွေကို ပိုင်ဆိုင်ခွင့်မရှိပေ. ဒါကြောင့် Lucius အနေနဲ့ Tory ကို ပိုက်ဆံသာ ပေးနိုင်မှာ ဖြစ်ပြီး ဒီပိုက်ဆံတွေကလဲ Tory မှာ အမျိုးသားအုပ်ထိန်းသူ မရှိဘူးဆိုရင် သူများတွေက သူမဆီကနေ အလွယ်တကူယူသွားနိုင်သည်. ဧကရာဇ်အနေနဲ့ သူမအတွက် အမျိုးသားအုပ်ထိန်းသူ ရှာပေးလို့ရလောက်ပေမဲ့ သူမက သူမရဲ့မိသားစုကို သစ္စာဖောက်ခဲ့သူဖြစ်သည်. ဘယ်သူက သူမကို စိတ်ရင်းကောင်းနဲ့ ကြည့်ရှုစောင့်ရှောက်ပေးလောက်တဲ့အထိ ကြင်နာမှာလဲ?

တကယ်လို့ သူမက ကွပ်မျက်မခံရဘူးဆိုရင်, သူမရဲ့ဘဝက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းပြီး အရှက်ရမဲ့ဘဝမျိုးဖြစ်လာမလဲဆိုတာကို မှန်းဆကြည့်လို့ရသည်. သူမရဲ့အနာဂါတ်ကို စဉ်းစားကြည့်လိုက်တော့ Tory က သူမဘဝကို သစ္စာဖောက်ဖို့ ဆုံးဖြတ်ချက်ချမိခဲ့တာကို နောင်တရလား မရဘူးလားဆိုတာကို သေချာမပြောနိုင်ပေ.

Lucius က သူမကို ပြောလိုက်သည်.

"တကယ်လို့ မင်းက ငါ့ဇနီးအဖြစ် ဆက်ပြီးတော့ရှိနေချင်တယ်ဆိုရင်တော့ ငါ တစ်နည်းနည်းနဲ့ ဖြစ်အောင်လုပ်ပေးလို့တော့ရမှာပါ"

"ကျွန်မ စိတ်တောင် မကူးဖူးပါဘူးအရှင်. ကျေးဇူးပြုပြီး အဲ့အကြောင်းကို မပြောပါနဲ့"

"တကယ်လို့ မင်းထွက်သွားမယ်ဆိုရင်တော့ ဒီရဲတိုက်မှာ သခင်မရှိတော့မှာ မဟုတ်ဘူး"

Tory က တစ်ချက်တွန့်သွားကာ အလန့်တကြားမေးလိုက်သည်.

"Lady Stra တစ်ခုခုဖြစ်လို့လား?"

Lucius က အနေရခက်စွာနဲ့ ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်.

"တကယ်တော့... သူမက ကွာရှင်းခွင့်တောင်းထားတယ်"

"...?!"

Tory ကတွေဝေသွားကာ ပြောစရာစကားမဲ့သွားသည်. Lucius လဲ သူ စကြားခဲ့တုန်းက လန့်သွားခဲ့သည်. ရက်အနည်းငယ်အတွင်းမှာပဲ သူနဲ့ဇနီးတစ်ယောက်ရဲ့လက်ထပ်မှုက တရားမဝင်တော့သလို နောက်ထပ်ဇနီးတစ်ယောက်ကလဲ ကွာရှင်းခွင့်တောင်းခဲ့သည်. အစတည်းက သူ့ထင်မြင်ချက်တွေက မှန်ကန်ခဲ့ပုံရသည်. သူက အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ တကယ်ပဲ ကံမကောင်းတာဖြစ်နိုင်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now