အခန်း ၃၄၀

27 6 0
                                    

သူမနှုတ်ခမ်းတွေက သူ့နှုတ်ခမ်းတွေကို ထိလာတော့ Lucius ရဲ့ မျက်လုံးတွေက ပြူးကျယ်လာသည်. မျက်လုံးမှိတ်ထားတဲ့ Poliana ကတော့ ဧကရာဇ်အံ့ဩသွားတာကို မသိလိုက်ပေ. သူတို့နှုတ်ခမ်းတွေက အချင်းချင်း ပွတ်သပ်နေကြသည်. ဧကရာဇ်က သူ့နှုတ်ခမ်းကို မဟခင်မှာပဲ Poliana က နောက်ပြန်ဆုတ်သွားသည်. Lucius က စိတ်ပျက်သွားပေမဲ့လဲ သူမကို သူ့ဘက်မဆွဲလိုက်ပေ. သူက သူမကို သွားခွင့်ပြုလိုက်သည်. ဧကရာဇ်က သူမကို အတင်းအကျပ် ဖိအားမပေးခဲ့ပေ. သူက သူမကို အတင်းအကျပ်ဖိအားပေးမှာမဟုတ်ပဲ ဒီနည်းလမ်းနဲ့ သူမအတွက် သူက ဘယ်လောက်တောင် စဉ်းစားပေးတယ်ဆိုတာကို ပြသနေတာဖြစ်သည်.

ဒီလိုလုပ်တာက ရူးမိုက်တဲ့နည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်သည်. ဒီလိုစိတ်ရှည်သည်းခံမှုနဲ့ စဉ်းစားတွေးခေါ်ပေးတာက ရူးမိုက်တာပဲလို့ လူအများစုက ထင်ကြလိမ့်မည်. Lucius တောင်မှပဲ ဒီလိုမျိုး တွေးခဲ့ဖူးသည်. အရင်တုန်းက သူ့ရဲ့စိတ်ရှည်သည်းခံမှုကြောင့် မြွေဆိုးလို ဉာဏ်များတဲ့ Frau က Poliana ကို အသုံးချခဲ့လို့ ဖြစ်သည်.

ဒါပေမဲ့ ဒီလိုသိနေတာတောင်မှပဲ ဧကရာဇ်က လူကြီးလူကောင်းဆန်ဆန်မပြုမူပဲ မနေနိုင်ပေ. ဘာလို့လဲဆိုတော့ သူလုပ်ချင်တာကို လုပ်လိုက်တာနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို သူသိနေလို့ဖြစ်သည်. သူက ဒီတိုင်းပြည်တစ်ခုလုံးမှာ အာဏာအရှိဆုံးသူဖြစ်သည်. သူသာလိုချင်ရင် Poliana ကို ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် သိမ်းပိုက်လိုက်လို့ရသည်. တကယ်လို့ သူက သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအတွက် သူ့အာဏာကို အသုံးချလိုက်ရင် သူက အာဏာရှင်ဖြစ်လာလိမ့်မယ်ဆိုတာကို Lucius သိနေသည်. ဒီ့နောက်မှာ ဖြစ်လာမဲ့အရာတွေကတော့ အဓိပ္ပါယ်မဲ့လာလိမ့်မည်. သူဖြစ်ချင်တာက သူဖိအားပေးလိုက်လို့ သူ့ဘေးနားမှာ နေတာမျိုးမဟုတ်ပဲ Poliana က သူ့ကို ရွေးချယ်စေချင်တာဖြစ်သည်. သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကြီးမားနေခြင်းကပဲ သူ့ရဲ့အချစ်ရေးကို ပိုပြီးခက်ခဲစေနေတာလဲ ဖြစ်ကောင်းဖြစ်နိုင်သည်.

သူ့နှလုံးသားက ပြင်းထန်စွာခုန်ပေါက်လှုပ်ရှားနေပေမဲ့ ဧကရာဇ်က ထူးမခြားနားဟန်နဲ့ Poliana ကို ပြောလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now