အခန်း ၂၇၀

45 5 0
                                    

Yapa ကို ပြန်တဲ့လမ်းမှာတော့ မျက်နှာပူစရာအနေအထားတွေနဲ့ ပြည့်နှက်နေသည်. Poliana က ပထမဆုံးအနေနဲ့ မသက်မသာဖြစ်မိတာက သူမရဲ့မြင်းပေါ်ကို ကျွမ်းကျင်စွာနဲ့ တက်လိုက်တဲ့အချိန်မှာ ဖြစ်သည်. သူမမြင်းပေါ်‌ရောက်သွားတော့ မနေ့ညက မှတ်ဉာဏ်အပိုင်းအစတစ်ခုကို မှတ်မိလိုက်သည်.

'အားးး! ငါ့ကိုယ်ငါ သတ်သေလိုက်တာပဲကောင်းမယ်!'

Poliana က Lucius ရဲ့အပေါ်မှာ ရှိနေခဲ့တာကို မှတ်မိလိုက်တာကြောင့် ဒါက ကြောက်မက်ဖွယ်ရာ မှတ်ဉာဏ်တစ်ခုပဲဖြစ်သည်. ဒါက သူမအနေနဲ့ ဧကရာဇ်ကို အတင်းအကျပ်ဖိအားပေးခဲ့ကာ အမြတ်ထုတ်ခဲ့တယ်ဆိုတဲ့ တိကျတဲ့ သက်သေဖြစ်နေသည်. သူမက ဒီအကြောင်းကို ဧကရာဇ်ကို ပြောပြလို့မဖြစ်ပေ. တကယ်လို့ သူမပြောလိုက်ရင် ဒီအကြောင်းကို မေ့ပစ်ဖို့ သဘောတူခဲ့တဲ့ စိတ်ပျက်စရာစကားဝိုင်းကို ပြန်လည်အစဖော်မိသလို ဖြစ်သွားနိုင်သည်. အရင်လို ပြန်ပြီး ငြင်းခုံဖို့က မဖြစ်နိုင်ပေ.

'အားးးး!'

Poliana က အသံတိတ်အော်ဟစ်လိုက်ကာ သူမရဲ့မျက်နှာကလဲ ဖြူဖတ်ဖြူရော်ဖြစ်လာသည်. ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ ဧကရာဇ်က သူမက တစ်ချက်တွန့်သွားတာကလွဲရင် ကျန်တာတွေကို သတိပြုမိပုံမရပဲ Poliana ကို ကြည့်ရတာ လုံးဝအဆင်ပြေနေပုံရသည်. အမှန်ကတော့ သူမရဲ့အောက်ပိုင်းက မနေ့ညကဖြစ်ရပ်ကြောင့် အရမ်းကို နူးညံ့နေတယ်လို့ ခံစားနေရသည်. သူမဘဝမှာ လိပ်ခေါင်းရောဂါကြောင့် အဆိုးရွားဆုံးခံစားနေရတဲ့အချိန်မှာတောင် သူမက တိတ်ဆိတ်စွာနဲ့ မြင်းစီးနိုင်သည်. အဲ့အချိန်တွေတုန်းကထက် စာရင် အခုသူမခံစားနေရတာက ပြောမလောက်ပေ. သူမက သွေးထွက်နေတာလဲမဟုတ်. ဒဏ်ရာရနေတာလဲမဟုတ်ပေ. ဒါ့ကြောင့် သူမအနေနဲ့ မြင်းမစီးနိုင်စရာအကြောင်းမရှိပေ. ဒါပေမဲ့ အလွန်အမင်းအရှက်ရနေသလိုတော့ ခံစားနေရသည်.

Poliana က ဧကရာဇ်နဲ့ မျက်နှာချင်းဆိုင်ဖို့ ခဲယဉ်းနေတာကြောင့် သူမက သူ့အရှေ့ကို အနည်းငယ်ကျော်သွားကာ ဧကရာဇ်အရှေ့ကနေ မြင်းစီးနေလိုက်သည်. သူတို့က ရင်းနှီးကျွမ်းဝင်သူတွေ ဖြစ်ကြပြီး သူတို့ကြားမှာ စိတ်မသက်မသာဖြစ်စရာကောင်းတဲ့ တိတ်ဆိတ်နေမျိုးမရှိသင့်ပေမဲ့ Lucius က စိတ်မသက်မသာဖြစ်ကာ သူစိမ်းဆန်နေသလို ခံစားနေရသည်. သူက ပတ်ဝန်းကျင်က မြင်ကွင်းတွေကို ကြည့်ကာ အာရုံပြောင်းဖို့ ကြိုးစားလိုက်သည်. ကြည်လင်တောက်ပနေတဲ့ ကောင်းကင်ပြာ, တေးဆိုနေတဲ့ ကျေးငှက်တွေ, ညီညာပြန့်ပြူးနေတဲ့မြေနေရာ, ငြင်သာစွာ တိုက်ခတ်နေတဲ့ လေထု, ပြီးတော့... သူ့အရှေ့မှာ မြင်းစီးနေတဲ့ Poliana ရဲ့ လှပတဲ့ ကျောပြင်.. သူမကလဲ ဒီမြင်ကွင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်လား? ဒါဆို သူက ဘာလို့ သူမကို ကြည့်လို့ မရရမှာလဲ?

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now