အခန်း ၃၂၆

59 6 0
                                    

Tory ရဲ့အခန်းကနေ ထွက်လာပြီးတော့ Poliana က သူမတို့ပြောခဲ့တဲ့စကားတွေကို ပြန်စဉ်းစားမိနေသည်. တကယ်လို့ Poliana ရွေးလိုက်တဲ့လမ်းက မပျော်ရွှင်တဲ့ဘဝမျိုးကို ဦးတည်နေမယ်ဆိုရင်တောင် Tory က သူမကို ကူညီပေးမယ်လို့ ပြောလာတုန်းက Poliana က အထင်ကြီးသွားခဲ့သည်. မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုရင်တောင်မှ မပျော်ရွှင်တဲ့ဘဝမျိုးဖြစ်လာနိုင်တယ်ဆိုတာကို Tory က နားလည်နေတာနဲ့ ပတ်သက်ပြီး Poliana က သဘောကျနေသည်. တစ်ယောက်ယောက်က သူမရဲ့ဘဝနေထိုင်မှုနဲ့ ပတ်သက်ပြီး မာန်မာနရှိတယ်လို့ သိနေရင် အဲ့တာက အသက်ရှင်နေထိုင်ဖို့အတွက် လုံလောက်နေပြီလို့ Tory က ပြောခဲ့သည်.

'လူတွေအားလုံးထဲမှာမှ Tory က မာန်မာနနဲ့ပတ်သက်ပြီး သေချာပေါက်သိနေတာဖြစ်ရမယ်'

Poliana ကိုယ်တိုင်ကလဲ မာန်မာနအပြည့်ရှိသူဖြစ်သည်. သူမက ဧကရာဇ်ဆီမှာ အမှုထမ်းခွင့်ရတဲ့စစ်သည်တစ်ယောက်ဖြစ်နေလို့ ဂုဏ်ယူခဲ့သည်. သူမက Lucius နောက်ကိုလိုက်ကာ တိုက်ကြီးရဲ့အဆုံးထိ ရောက်ခဲ့တဲ့ တိုက်ခိုက်ရေးသမားအနည်းငယ်ထဲက တစ်ယောက်ဖြစ်သည်.

ကံမကောင်းစွာနဲ့ သူမရဲ့မာန်မာနက စစ်သည်တစ်ယောက်အနေနဲ့သာ ဖြစ်ပြီး လူသားတစ်ယောက်အနေနဲ့ မဖြစ်တည်ခဲ့ပေ. သူမက မထိုက်တန်လို့လား? အထူးသဖြင့် ဧကရာဇ်က သူမအပေါ်ထားရှိတဲ့ သူ့အချစ်တွေကို ဖွင့်ဟဝန်ခံခဲ့ပြီးတဲ့နောက်ပိုင်း Poliana က စိတ်ဓါတ်ကျသွားခဲ့သည်.

Poliana က သူမ သွားချင်တဲ့နေရာမရောက်မချင်း လမ်းလျှောက်နေခဲ့သည်. ဒီနေရာက ဒီနေ့အဖို့ အချိန်ရသေးရင် သွားလည်မယ်လို့ ဆုံးဖြတ်ခဲ့တဲ့နေရာ..

Rebecca ရဲ့ အုတ်ဂူ

တော်ဝင်မျိုးနွယ်တွေသာ ရဲတိုက်အတွင်းမှာ မြုပ်နှံခွင့်ရှိတာဖြစ်သည်. ရဲတိုက်ထဲမှာ အရင်ဆုံးမြုပ်နှံခဲ့တာက Bikpa တော်ဝင်မျိုးနွယ်တွေဖြစ်တာကြောင့် Acreian တော်ဝင်မျိုးနွယ်တွေအတွက် သုဿာန်နေရာအသစ်တစ်ခုကို ရဲတိုက်နယ်မြေအဆုံးမှာ တည်ဆောက်ခဲ့သည်. ဒီနေရာမှာ ပထမဆုံးမြုပ်နှံခဲ့တာက ဧကရာဇ်ရဲ့ ငယ်ရွယ်တဲ့ဇနီးဖြစ်နေသည်. တကယ်လို့ ဒီအုတ်ဂူက ကလေးတစ်ယောက်သာဖြစ်နေမယ်ဆိုရင်တော့ ပိုပြီး ဝမ်းနည်းစရာဖြစ်နေမှာဖြစ်ပေမဲ့ လက်ရှိအခြေအနေကလဲ ဒီ့ထက်ပိုမကောင်းလာပေ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now