အခန်း ၂၂၉

35 6 0
                                    

ဧကရာဇ်ရဲ့မွေးနေ့ရောက်ဖို့ တပတ်ပဲလိုတော့တဲ့အချိန်မှာ Yapa ရဲတိုက်ကလဲ အလုပ်များလာသည်. နယ်ဝေးမှာနေထိုင်ကြတဲ့ အထက်တန်းလွှာအများစုက ပွဲတက်ရောက်ဖို့အတွက် အစောကြီးရောက်လာကြသည်. အထက်တန်းလွှာတစ်ဦးချင်းစီက သူနဲ့အတူ လူတွေအများကြီးခေါ်လာတာကြောင့် ရဲတိုက်ထဲမှာ လူဦးရေတွေ တိုးပွားလာခဲ့သည်.

ဒီနှစ်ပွဲကိုတော့ Acreian အထက်တန်းလွှာတွေက ရာနှုန်းပြည့်တက်ရောက်လာကြသည်. ဒါက အကြီးအကဲတွေအနေနဲ့ ပွဲတက်ရောက်ဖို့ ငြင်းဆန်မှာစိုးတာကြောင့် Lucius က ဖိတ်စာတွေအားလုံးကို သေချာရေးထားခဲ့သည်.

-အရှင် Lucius က အရေးတကြီးကြေငြာစရာရှိတာကြောင့် မဖြစ်မနေတက်ရောက်ဖို့ လိုအပ်ကြောင်း-

အခုထိတော့ ဧကရာဇ်ရဲ့မွေးနေ့ပွဲကို မဖြစ်မနေတက်ရောက်ရမယ်လို့ အမိန့်မထုတ်ဖူးခဲ့ပေ. လက်ရှိမှာ Acreia က တိုက်ကြီးတစ်ခုလုံးဖြစ်လာတာကြောင့် Yapa ကို ရောက်ဖို့အတွက် ခရီးအဝေးကြီးထွက်ရမှာဖြစ်တာကြောင့် ဖြစ်သည်.

ဒါပေမဲ့ ဒီနှစ်မှာတော့, Lucius က သူ့အနေနဲ့ လူတိုင်းကို တက်ရောက်စေချင်ကြောင်း ကြေငြာခဲ့သည်. သူက အထက်တန်းလွှာတွေကို အမိန့်ပေးခဲ့တာမျိုးမဟုတ်ပေမဲ့ ဧကရာဇ်ရဲ့ဆန္ဒကို ဆန့်ကျင်တယ်ဆိုတာက ကောင်းတဲ့အကြံမဟုတ်ဘူးဆိုတာကို လူတိုင်းသိနေသည်. ဧကရာဇ်ကို စိတ်ညစ်အောင်လုပ်မိတဲ့သူတွေက အဖြစ်ဆိုးတွေဖြစ်လာနိုင်သည်.

Yapa ရဲတိုက်က ကြီးမားပေမဲ့ တိုက်ကြီးအနှံ့က ဧည့်သည်တွေရောက်လာတာဖြစ်တာကြောင့် ဧည့်သည်တွေကို နေရာချပေးရာမှာ အခက်ကြုံနေသည်. Yapa မြို့ထဲမှာလဲ လူတွေအပြည့်ဖြစ်နေပြီးတော့ လုံခြုံရေးတွေအနေနဲ့ မြို့တော်နဲ့ တော်ဝင်မိသားစုရဲ့ လုံခြုံရေးအတွက် အချိန်ပိုဆင်းကာ အလုပ်လုပ်နေကြရသည်. အစောင့်အများစုက ရက်သတ္တပတ်နားရက်တွေနဲ့ အားလပ်ရက်တွေကို လက်လွှတ်လိုက်ရသည်. မွေ့နေ့ပွဲကို တက်ရောက်ဖို့ ဖိအားပေးခံထားရတဲ့ Poliana က သူမရဲ့လူတွေ အလုပ်ကြိုးစားရနေတာကို ကြည့်ကာ အရှက်ရမိနေသည်. ဒါကြောင့် သူမက မွေးနေ့ပွဲမတိုင်ခင်အထိ အလုပ်တွေ ပိုလုပ်ခဲ့သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now