အခန်း ၂၀၇

42 1 0
                                    

မွေးလာတဲ့အချိန်တုန်းက အသက်ကောင်းကောင်းမရှူနိုင်ခဲ့တဲ့ မင်းသမီးလေးက အခုတော့ ပိုပြီး ကျန်းမာရေးကောင်းလာပုံရသည်. Lucius က သူ့သမီးဆီကို သွားလိုက်တော့ အကူတွေနဲ့ ကလေးထိန်းတွေက စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်ကြသည်.

ကျန်းမာရေးပိုကောင်းလာပုံရတဲ့ သူ့သမီးလေးကိုတွေ့တော့ ဧကရာဇ်က သူမကို နာမည်ပေးဖို့ ဆုံးဖြတ်လိုက်သည်. သူမရဲ့သေးငယ်တဲ့မျက်လုံးတွေက ပွင့်လာကာ ပတ်ဝန်းကျင်ကို ကြည့်လာသည်. အဲ့အချိန်မှာတော့ ဧကရာဇ်က ကြေငြာလိုက်သည်.

"ငါ သူမကို Luminae လို့ ခေါ်မယ်"

လူတိုင်းက စိတ်သက်သာရာရသွားဟန်နဲ့ သက်ပြင်းချလိုက်သည်. ဧကရာဇ်အနေနဲ့ မင်းသမီးလေးဆီကို သွားကြည့်ဖို့ ငြင်းဆန်နေခဲ့တာကြောင့် သူတို့က စိုးရိမ်နေခဲ့ပြီး အခုတော့ သူက သူ့သမီးနဲ့တွေ့ဖို့ အဆင်သင့်ဖြစ်သွားဟန်တူသည်. Lucius က မင်းသမီးလေးရဲ့ လက်ချောင်းသေးသေးလေးတွေနဲ့ ဆော့ကစားကာ သူမကို သေချာကြည့်လိုက်သည်. သူမရဲ့အမေ Lady Rebecca လိုပဲ မင်းသမီး Luminae ရဲ့ ဆံပင်နဲ့ မျက်ဝန်းတွေက အနက်ရောင်ဖြစ်သည်. သူမရဲ့အသားအရေကတော့ သူမရဲ့အဖေလိုမျိုး ဖြူလျော့တဲ့အသားရောင်ဖြစ်သလို သူမရဲ့ဆံပင်တွေကလဲ ကောင်းမွန်စွာရှိနေသည်. ဧကရာဇ်က ကလေးကို သေချာကြည့်နေတာကို တွေ့လိုက်တော့ အနားမှာရှိတဲ့ ကလေးထိန်းတွေက အလျင်အမြန် ရှင်းပြလာသည်.

"အရှင့်သမီးတော်လေးက အရမ်းလှပတဲ့ အမျိုးသမီးဖြစ်လာမှာပါ အရှင်"

"မင်းသမီးလေးရဲ့မိဘတွေကလဲ ချောမောလှပတဲ့သူတွေဆိုတော့ မင်းသမီးလေးက သေချာပေါက် လှပတဲ့အမျိုးသမီးဖြစ်လာမှာ"

"သူမက ပိုပြီးတော့လဲ သန်မာအားကောင်းလာမှာပါ အရှင်"

Lucius က ပြုံးပြလိုက်ကာ ပြန်ဖြေလိုက်သည်.

"အင်း.. သူမက ငါနဲ့ဆင်တယ်ဆိုတာ ငါတွေ့ပါတယ်. ပြီးတော့ သူမဆီမှာ Rebecca ရဲ့ ပုံရိပ်ကိုလဲ ငါတွေ့ရတယ်"

"ဟုတ်ပါတယ်အရှင် မင်းသမီးလေး Luminae က အရှင်တို့နှစ်ယောက်လုံးနဲ့ ဆင်ပါတယ်"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now