အခန်း ၃၃၉

28 5 0
                                    

Lucius က ဖန်လုံအိမ်ထဲမှာ ရှိတဲ့ ပန်းတွေအားလုံးရဲ့အဓိပ္ပါယ်ကို ဥယျာဉ်မှူးဆီကနေ မေးခဲ့တာကိုတော့ Poliana မသိသေးပေ. ဧကရာဇ်က ပန်းတွေကို အဆင်ပြေသလို ခူးယူနေတယ်လို့ မြင်ရပေမဲ့ အမှန်ကတော့ သူ့အနေနဲ့ သူမကို ပြောချင်နေတာတွေကို ကိုယ်စားပြုတဲ့ ပန်းတွေကိုသာ ရွေးချယ်ခူးယူနေတာကို Poliana သတိမပြုမိခဲ့ပေ.

ဒါပေမဲ့ ပန်းတွေအားလုံးရဲ့ နောက်ကွယ်က အဓိပ္ပါယ်က ချစ်ခြင်းမေတ္တာကို ရည်ညွှန်းတယ်ဆိုတာကို Poliana မသိလဲ ကိစ္စမရှိပေ. သူမကို ချစ်မြတ်နိုးတယ်ဆိုတဲ့အကြောင်းကိုသာ ဧကရာဇ်က ပြောပြချင်နေတာဖြစ်သည်. သူမအတွက် သူ့ခံစားချက်တွေက လေးနက်ပြီး စစ်မှန်တယ်ဆိုတာကို Lucius က Poliana ကို သိစေချင်နေသည်. အခုတော့ Poliana က သူမရဲ့ ခံစားချက်တွေကို Lucius ကို ပြောပြလာသည်.

Poliana က သူ့ကို ပြောလိုက်သည်.

"အရှင်က ကျွန်မရဲ့ ဧကရာဇ်လေ. ကျွန်မက အရှင့်ကို ယောက်ျားတစ်ယောက်လို့ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး. အရှင်လဲ ကျွန်မနဲ့ ပတ်သက်ပြီး ဒီလိုပဲခံယူထားမယ်လို့ ကျွန်မထင်ခဲ့တာ. အဲ့ဒီ.. ကံမကောင်းတဲ့မတော်တဆဖြစ်ရပ်မတိုင်ခင်အထိ ကျွန်မက အရှင့်ကို ဆန့်ကျင်ဘက်လိင်အဖြစ် မြင်ခဲ့တာမဟုတ်ဘူး"

Poliana က အံကြိတ်လိုက်သည်. အဲ့ညက သူမလုပ်ခဲ့မိတဲ့ အမှားကြီးကြောင့်သာ မဟုတ်ရင်.... ဒီလိုရယ်စရာကောင်းတဲ့အခြေအနေမျိုးက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပေ. တကယ်လို့ အဲ့ညက သူမသာ မူးမနေခဲ့ရင်....

Poliana က ဆက်ပြောလိုက်သည်.

"အဲ့ဒီ ကံဆိုးတဲ့ မတော်တဆဖြစ်ရပ်ကြောင့်.... ကျွန်မက အရှင့်ကို ယောက်ျားတစ်ယောက်အဖြစ် မြင်မိလာတယ် အရှင်.. ဟုတ်တယ်.. ကျွန်မ ဝန်ခံရမယ်.. အခု ကျွန်မက အရှင်နဲ့ ပတ်သက်ပြီး သေချာပေါက် ခံစားချက်တွေရှိနေတယ်... ကျွန်မက အရှင့်ကို ယောက်ျားတစ်ယောက်လိုမျိုး ပိုမြင်လာတယ် ပြီးတော့... ကျွန်မ တောင်းပန်ပါတယ်အရှင်.. ဒီလိုမြင်နေမိတာ မှားတယ်ဆိုတာ သိပေမဲ့ ကျွန်မ မတတ်နိုင်ဘူး"

Poliana အနေနဲ့ Lucius ကို ရှောင်နေခဲ့တာက သူမအပြစ်ရှိတယ်လို့ ခံစားမိနေလို့ မဟုတ်ပေ. တကယ်တော့ သူ့ကိုတွေ့တိုင်း သူမက အဲ့ညကို မြင်ယောင်မိနေလို့ ဖြစ်သည်. အဲ့ညက ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို အသေးစိတ်သေချာမမှတ်မိတာကြောင့် ပိုပြီးတော့ စိတ်ရှုပ်ထွေးစရာဖြစ်နေသည်. သူမက ဖြစ်ရပ်တစ်ခုလုံးရဲ့ အစိတ်အပိုင်းအနည်းငယ်ကိုသာ မှတ်မိခဲ့ပြီး အဲ့ဒီမှတ်ဉာဏ်အပိုင်းအစ‌လေးကလဲ သူမကို ထွက်ပြေးသွားစေဖို့ လုံလောက်ခဲ့သည်. Poliana က သတ်သေလိုက်ဖို့တောင် စဉ်းစားခဲ့သည်. တကယ်လို့ သူမက ကိုယ်ဝန်မရခဲ့ရင်တောင် သူမက ဧကရာဇ်ကို တစ်နည်းနည်းနဲ့ ချစ်မိလာနိုင်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now