အခန်း ၂၀၂

66 2 0
                                    

ဒါက အခွင့်အရေးကောင်းတစ်ခုဖြစ်ပေမဲ့ သူ့ဇနီးသေဆုံးတာကို အကြောင်းပြပြီး သူချစ်တဲ့အမျိုးသမီးကို လှည့်စားဖို့ ကြိုးစားတာက မှားယွင်းနေတယ်ဆိုတာကို Lucius သေချာသိနေသည်. သူ့ဇနီးရဲ့နာရေးက လွန်ခဲ့တဲ့ နှစ်ရက်ကမှ ပြီးသွားခဲ့တာကို သူက ဒီလိုကိစ္စမျိုး စဉ်းစားနိုင်သေးတာလား?

ဧကရာဇ်က သူ့ကိုယ်သူ မုန်းတီးသွားသည်.

Lucius က Poliana ကို တွန်းထုတ်လိုက်သည်. သူက ပုလင်းထဲမှာကျန်နေသမျှကို သူ့ပါးစပ်ထဲ လောင်းချလိုက်သည်. ကြည်လင်နေတဲ့ အရည်တွေက သူ့မျက်ရည်တွေအစား သူ့ပါးပြင်ပေါ်ကနေ စီးကျလာသည်. 

သူက Poliana က ကြမ်းတမ်းစွာနဲ့ ပြောလိုက်သည်.

"ထွက်သွား. အခု ငါ မင်းကို မမြင်ချင်ဘူး"

ဧကရာဇ်ရဲ့ ငြင်းဆန်မှုကြောင့် Poliana ရဲ့ မျက်နှာက နာကျင်ကြေကွဲသွားသည်. Poliana နာကျင်သွားတာကို မြင်နေရတာက Lucius ရဲ့ နှလုံးသားကို နာကျင်စေပေမဲ့ သူ မတတ်နိုင်ပေ. ဧကရာဇ်က အချိန်တစ်ခုလိုအပ်နေသေးသည်.

Lucius က ဒီကြီးကျယ်ခမ်းနားတဲ့တိုင်းပြည်ရဲ့ ဧကရာဇ်တစ်ပါးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ သူက ပြီးပြည့်စုံနေတဲ့သူတစ်ယောက် မဟုတ်ပေ. သူက အမြဲတမ်း တည်ငြိမ်မနေနိုင်ပေ. သူက ဧကရာဇ်ဖြစ်နေတာကြောင့် သူ့ရဲ့ခံစားချက်တွေကို တခြားသူတွေကို ပြလို့မရပေ. သူက တခြားလူတွေအရှေ့မှာလဲ ငိုကြွေးလို့မရပေ. သူကိုယ်တိုင်ကလဲ ဝမ်းနည်းကြေကွဲနေသလို မိခင်မရှိပဲ ကြီးပြင်းလာရမဲ့ သူ့သမီးအတွက်လဲ သူက ဝမ်းနည်းနေပေမဲ့ သူက ဧကရာဇ်ဖြစ်နေတာကြောင့် သူ့ခံစားချက်တွေကို ထုတ်ဖော်ပြလို့ မရပေ.

နောက်တော့ Poliana က သူ့ဆီကို ရောက်လာခဲ့သည်. သူက သူ့ကိုယ်သူတောင် အသိစိတ်ဝင်နေအောင် မနည်းနေနေရတာ ဒါကြောင့် သူမကို မြင်လိုက်ချိန်မှာတော့ သူက ထပ်ပြီးတော့ ဟန်မဆောင်နိုင်တော့ပေ.

Lucius က လောဘကြီးတဲ့သူဖြစ်သည်. ဒါကြောင့်ပဲ သူက တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ဖို့ အိပ်မက်မက်ခဲ့တာဖြစ်သည်. ဧကရာဇ်က အရမ်းချစ်တတ်တဲ့ သူလဲဖြစ်သည်. ဒါကြောင့်ပဲ သူက Poliana ဆီမှာ သူ့အချစ်တွေကို ဝန်မခံနိုင်တာဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now