အခန်း ၂၆၇

46 6 0
                                    

သူက ဘာကြောင့်အရမ်းပင်ပန်းနေသလို ခံစားနေရတာလဲ ဆိုတာကို သတိပြုမိသွားကာ Lucius က သူ့မျက်နှာကို ပွတ်လိုက်သည်. သူက မှတ်မိဖို့ အတတ်နိုင်ဆုံးကြိုးစားလိုက်ပေမဲ့ ဘာတစ်ခုကိုမှ မမှတ်မိနိုင်ပေ. ဒါပေမဲ့လဲ တစ်ခုကတော့ သေချာပေါက်ဖြစ်ခဲ့သည်.

'ငါ သူမနဲ့ အိပ်ခဲ့တာ'

ဒီအခိုက်အတန့်မှာ သူက သေချင်စိတ်ပေါက်သွားသည်. Lucius က Poliana ကိုချစ်မြတ်နိုးသည်. သူမကို ချစ်မိနေခဲ့တာ နှစ်တွေကြာခဲ့ပြီးတော့ သူက ဒီလိုအဆုံးသတ်ခဲ့တာလား? သူက သူမနဲ့အတူ စုတ်ပြတ်နေတဲ့ တည်းခိုခန်းတစ်ခုမှာ အိပ်ခဲ့မိတာ.. ဒါက သူတို့ရဲ့ ပထမဆုံးအကြိမ်ဖြစ်ပြီး လုံးဝ စိတ်ကူးယဉ်မဆန်တဲ့အပြင် အဆိုးဆုံးကတော့ သူက လုံးဝမမှတ်မိနိုင်တာဖြစ်သည်.

ဘယ်လိုဖြစ်ခဲ့တာလဲ? သူ ကောင်းကောင်းလုပ်ခဲ့ရဲ့လား? သူမရော ကျေနပ်ရဲ့လား? သူက သူမကို ကျေနပ်စေခဲ့ရဲ့လား? ဒီလိုအရေးကြီးတဲ့အရာတွေအားလုံးကို.. ဧကရာဇ်က မမှတ်မိခဲ့ပေ.

ပြီးတော့ သူ စိတ်အပူဆုံးဖြစ်နေတာက....

'ငါ.. ငါ သူမကို ဖိအားပေးခဲ့တာလား..?'

သူနောက်ဆုံးမှတ်မိတာက ငိုနေတဲ့ Poliana ကို နှစ်သိမ့်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်သည်. အဲ့တုန်းက သူမက သူ့ထက်ပိုပြီးတော့ မူးနေခဲ့တာကိုတော့ သူသေချာမှတ်မိနေသည်. သူက သတိလက်လွတ်ဖြစ်နေတဲ့ အမျိုးသမီးနဲ့ အိပ်ခဲ့တာလား? တကယ်လို့ သူမက အရမ်းမူးနေရင်တော့ Poliana က ပြန်မခုခံနိုင်တော့တာကြောင့် ဒါက ဖြစ်နိုင်ချေရှိသည်. ဒါမှမဟုတ်.. သူမက အိပ်ပျော်သွားပြီးတော့ သူက..... Lucius က ရွံရှာသလို ဖြစ်သွားကာ တစ်ချက်တွန့်သွားသည်.

'ငါက အဆိုးဆုံးပဲ'

ဘာမှမသိနိုင်တော့လောက်အောင် မူးနေတဲ့ အမျိုးသမီးနဲ့အိပ်တာက...... ဒါက လက်ခံနိုင်စရာမရှိပေ. တကယ်လို့ သူက သတိလက်လွတ်ဖြစ်နေတဲ့ ဒါမှမဟုတ် အိပ်ပျော်နေတဲ့ Poliana နဲ့ မအိပ်ခဲ့မိရင်တောင်မှ.. Lucius က ခြောက်ခြားနေသလို ခံစားနေရသည်. သူမအတွက် သူ့ခံစားချက်တွေကို ဝန်မခံခင်မှာ သူချစ်တဲ့ အမျိုးသမီးနဲ့ အိပ်တာက... သူက အဆိုးဆုံးပဲ! သူ သေလိုက်သင့်တယ်!

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now