အခန်း ၂၁၈

35 3 0
                                    

Poliana အတွက်တော့ အဖွဲ့တစ်ခုထဲမှာ ပါဝင်ရတာက အရမ်းအရေးကြီးတဲ့ ကိစ္စဖြစ်သည်. သူမက အဖွဲ့တစ်ခုရဲ့ အစိတ်အပိုင်းဖြစ်လာတာနဲ့ ဒီအဖွဲ့က သူမရဲ့ ဘဝဖြစ်သွားတော့သည်. Aehasian စစ်တပ်မှာ သူမတာဝန်ထမ်းဆောင်တုန်းကတော့ သူမအဖွဲ့နဲ့ ပတ်သက်ပြီး ဘယ်လိုသစ္စာရှိတဲ့ ခံစားချက်မျိုးကိုမှ မခံစားခဲ့ဖူးတာကတော့ အမှန်ပဲဖြစ်သည်. ဘာလို့လဲဆိုတော့ အဲ့ဒီအဖွဲ့က အရမ်းကြောက်စရာကောင်းပြီး စည်းစနစ်မကျတဲ့ အဖွဲ့ဖြစ်နေလို့ဖြစ်သည်. Acreian စစ်တပ်ကတော့ လုံးဝကွဲပြားနေသည်. Sir Baufallo, Sir Rabi နဲ့ Sir Mahogal တို့ကို သူမရဲ့လေးစားမှုကို အခုထိ ပြသနေရတဲ့အကြောင်းက သူမအနေနဲ့ သူတို့နဲ့အတူ ရှိနေရတာကို သဘောကျလို့ဖြစ်သည်. သူမကလေးဘဝ, ဆယ်ကျော်သက်ဘဝတုန်းက သူမကို ဘယ်သူကမှ ဂရုမစိုက်ခဲ့ပဲ သူမတစ်ယောက်တည်းသာ အချိန်ကုန်ဆုံးခဲ့ရတာကြောင့် သူမနဲ့အတူ အချိန်ဖြုန်းပေးနိုင်တဲ့သူမျိုးကို သူမလိုချင်သည်.

Lucius က သူမကို လက်ခံပေးခဲ့ပြီး တခြားစစ်သည်တွေနဲ့ စစ်သားတွေကလဲ သူမကို သူတို့ကိုယ်ပိုင်နည်းလမ်းအသီးသီးနဲ့ အသိအမှတ်ပြုပေးခဲ့ကြသည်. အချိန်တွေကြာလာတာနဲ့အမျှ Poliana ရဲ့ အဖွဲ့ထဲမှာ ပါဝင်ပက်သက်လိုမှုက ပိုအားကြီးလာသည်.

ပြီးတော့ သူမဘဝမှာ ပထမဆုံးအနေနဲ့ သူမရဲ့ ကိုယ်ပိုင်မိသားစုရှိလာတော့မှာဖြစ်သည်.

သူမကိုယ်တိုင်ရွေးချယ်ထားတဲ့ သူမရဲ့ ကိုယ်ပိုင်မိသားစု!

အခုအချိန်အထိ, Acrian စစ်တပ်ဟာ သူမရဲ့ မိသားစုဖြစ်ခဲ့သည်. ဒါပေမဲ့ စစ်ကြီးပြီးသွားကာ သူမနဲ့ ရင်းနှီးသူတွေက တိုင်းပြည်အနှံ့ကို ပြောင်းရွှေ့သွားကြသည်. ဒါကြောင့်ပဲ Poliana က အထီးကျန်သလို ခံစားနေရကာ သူမကိုယ်ပိုင်မိသားစုကို ဖန်တီးလိုက်တာက ဒီပြဿနာကို ဖြေရှင်းဖို့အတွက် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်.

သူမရဲ့လိုအပ်ချက်ကြောင့် Frau နဲ့ ပတ်သက်ပြီး သူမရဲ့ခံစားချက်တွေကို ပိုကောင်းလာစေတာက ဧကရာဇ်အတွက်တော့ အရမ်းကို ကံဆိုးတဲ့အရာဖြစ်လာခဲ့သည်.

Lucius က Poliana ကို မေးလိုက်သည်.

"Sir Pol... မင်း ရေမွှေးတွေ သုံးထားတာလား?"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now