အခန်း ၃၃၃

32 3 0
                                    

Poliana က သူမကတိပေးခဲ့တဲ့အတိုင်း မင်းသမီး Luminae ဆီကို ထပ်သွားလည်လိုက်ပေမဲ့ ကလေးမလေးက သူမဝင်လာတာကို တွေ့တာနဲ့ သူမကို လက်ညှိုးထိုးကာ "ဟင်အင်း!" လို့ အော်လာသည်. ဒါပေမဲ့ Poliana သူမနားကို ရောက်သွားတော့ မင်းသမီးလေးက "ဟင်အင်း"လို့ ထပ်ပြောနေပေမဲ့ သူမလက်တွေကို ဆန့်တန်းကာ Poliana ကို ချီခိုင်းတော့သည်. မင်းသမီး Luminae က ဒီစကားလုံးရဲ့အဓိပ္ပါယ်ကို မသိသေးတာ သေချာသည်. သူမက Poliana ဆီကနေ ပွေ့ဖက်မှုတစ်ခုကိုသာ လိုချင်နေတာ ဖြစ်သည်. မင်းသမီးလေးက အမျိုးသမီးစစ်သည်ကို စိုက်ကြည့်နေရင်း စိတ်မရှည်တဲ့ဟန်နဲ့ စောင့်ဆိုင်းနေသည်.

Poliana က မင်းသမီးလေးကို အမြန်ပွေ့ချီလိုက်သည်. Poliana က ကလေးထိန်းတွေထက် ပိန်နေတာကြောင့် မင်းသမီးလေးက Poliana ဖက်တာကို သဘောတွေ့ပုံမရပေ. ကလေးမလေးက နူးညံ့သိမ်မွှေ့တဲ့ အမျိုးသမီးတွေ ပွေ့ချီတာကိုပဲ နေသားကျနေသည်. သူမက သွယ်လျနေတာကြောင့် အမျိုးသမီးစစ်သည်ရဲ့ခန္ဓာကိုယ်က စွဲမက်ဖွယ်ရာဖြစ်ပေမဲ့ Poliana ရဲ့ ခန္ဓာကိုယ်က နူးညံ့ပျော့ပျောင်းနေတာမျိုးတော့ မဟုတ်ပေ. သူမကိုယ်ဝန်ဆောင်နေချိန်မှာ သူမရင်သားတွေက ကြီးထွားလာခဲ့ပေမဲ့ အခုတော့ ပုံမှန်အရွယ်အစားအတိုင်း ပြန်ဖြစ်သွားသည်. သူမက မိခင်နို့တိုက်ကျွေးတာကို ရပ်တန့်လိုက်ပြီးတော့ နို့ရည်ခမ်းစေတဲ့ ကုသမှုတွေ လုပ်ခဲ့တာကြောင့်ဖြစ်နိုင်သည်. Poliana က တဖြည်းဖြည်းချင်းနဲ့ သူမရဲ့ ပိန်သွယ်ပြီး ကြွက်သားတွေနဲ့ ပြည့်နေတဲ့ခန္ဓာကိုယ်ဖြစ်အောင် ပြန်တည်ဆောက်နေသည်. မင်းသမီး Luminae က ကလေးထိန်းဆီ ပြန်မသွားခင်မှာ ခဏစဉ်းစားနေလိုက်သေးသည်. သူမက ကလေးထိန်းဆီ ပြန်ရောက်သွားပေမဲ့ Poliana ရဲ့လက်ကိုတော့ အလွှတ်မပေးသေးပေ. ကလေးငယ်တစ်ယောက်အနေနဲ့ မင်းသမီး Luminae က ထင်မှတ်မထားလောက်အောင် သန်မာနေပြီး သူမက Poliana ရဲ့လက်ကို ဆက်လက်ဆုပ်ကိုင်ထားသည်.

ရုတ်တရက် Poliana က သူမရဲ့သား Gerald ကို သတိရသွားသည်. Sitrin မှာ သူမနဲ့အတူရှိနေတဲ့အချိန်, သူ့ကို ချီထားတဲ့အချိန်မှာတောင် သေချာအာရုံမစိုက်ခဲ့ဖူးတဲ့အတွက် အခုလို သတိရနေတာက ထူးဆန်းနေသည်. သူမသားနဲ့အတူ မရှိတဲ့အချိန်တွေမှာ သူမက ကလေးအကြောင်းကို မကြာခဏပိုပြီးတော့ စဉ်းစားမိနေသည်. ဘာလို့လဲ? ဘာလို့ ဒီအခြေအနေက သူမသားကို အမှတ်ရစေတာလဲ?

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now