အခန်း ၂၂၀

39 1 0
                                    

"..."

Poliana က သက်ပြင်းချလိုက်သည်. သူမက ဒီ Ingreter ညီအစ်ကိုနှစ်ယောက်ကို ထိုးပစ်လိုက်ချင်ပေမဲ့ မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်သည်. အစောပိုင်းတုန်းက မင်းသမီးလေး Luminae နဲ့ တွေ့ခွင့်ရခဲ့လို့ သူမခံစားချက်တွေက ကောင်းနေခဲ့သည်.

Poliana ရေမွှေးသုံးတာနဲ့ ပတ်သက်ပြီး Sir Aeke နဲ့ Beke တို့ နှစ်ယောက်လုံးက အံ့ဩနေကြသည်. Poliana က အခုလိုမျိုး မိန်းမဆန်တာတွေ လုပ်လာလိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူးပေ. Poliana က ခေါင်းလျှော်ရမှာပျင်းလို့ ဆံပင်အတိုပဲထားခဲ့တဲ့ အမျိုးသမီးဖြစ်သည်. သူမ တော်ဝင်ကိုယ်ရံတော် ဖြစ်မလာခင်အထိ သူမက လိုအပ်မှသာ ရေချိုးတာဖြစ်သည်. တခြားစစ်သားတွေလိုပဲ သူမက ရေခဏခဏချိုးတာဟာ ရန်သူ့စစ်ခွေးတွေကို ဆွဲဆောင်တာပဲလို့ ယုံကြည်ခဲ့သူဖြစ်သည်...

Poliana က ရေမွှေးသုံးလာတာတွေ့လိုက်ရတော့....

Sir Beke က အထိတ်တလန့်ဖြစ်ကာ ရေရွတ်လိုက်သည်.

"Sir Poliana... ခင်ဗျား နေများမကောင်းလို့လား? ကုသလို့မရတဲ့ ရောဂါများ ဒါမှမဟုတ် တစ်ခုခု ရှိနေလို့လား?"


Sir Aeke က မေးလာသည်.

"Lady Rebecca က ခင်ဗျားကို မိန်းမဆန်ဖို့ လိုတယ်လို့ သူမ သေတမ်းစာထဲမှာ ပြောထားလို့လား?"

Sir Beke က နားလည်သဘောပေါက်သွားဟန်နဲ့ လက်ခုပ်တီးလိုက်သည်.

"အိုး.. အဲ့တာဖြစ်နိုင်တယ်! Lady Rebecca က သူမရဲ့ နောက်ဆုံးလက်ဆောင်အဖြစ် ခင်ဗျားကို ရေမွှေးပေးခဲ့တာလား? ဒါကြောင့်မို့ ခင်ဗျား အဲ့တာကို သုံးနေတာလား? ဟုတ်တယ်မလား?"

ဒီညီအစ်ကိုတွေက စိတ်လှုပ်ရှားနေပုံရသည်. Poliana က သူမစိတ်တွေကို ရှည်ရှည်ထားဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ သည်းမခံနိုင်တော့ပဲ သူမ လက်သီးတွေကို မြှောက်လိုက်တော့ Ingreter ညီအစ်ကိုနှစ်ယောက်ရဲ့ ပါးစပ်တွေက ပိတ်သွားသည်.

နောက်ဆုံးတော့ Sir Beke က တီးတိုးပြောလိုက်သည်.

"အဲ့တာဆို.. ကောလဟာလတွေက အမှန်ပဲပေါ့? ခင်ဗျားက Sneke မိသားစုကနေ ကန်ထုတ်ခံထားရတဲ့ Frau နဲ့ လက်ထပ်တော့မယ်လို့ ကျွန်တော်တို့ ကြားထားတာ. အကူတွေက ပြောနေကြပေမဲ့ ကျွန်တော်တို့က သူတို့ကို မယုံခဲ့ဘူး, ဒါပေမဲ့..."

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now