အခန်း ၂၉၅

54 6 0
                                    

Poliana က မင်းသမီး Luminae ဆီကို ပထမဆုံးသွားလည်ခဲ့တုန်းက မင်းသမီးလေးက လသားအရွယ်ရောက်နေပြီဆိုတဲ့အချက်ကို Poliana သတိမပြုမိခဲ့တာ ဖြစ်သည်. Poliana က မွေးကင်းစကလေး 'ခွေးစာလေး'ကို မင်းသမီး Luminae နဲ့ နှိုင်းယှဉ်နေတာက မတရားပေ.. ဒါပေမဲ့ Poliana က ဒီအချက်ကို သတိမပြုမိပေ. စိတ်ရှုပ်ထွေးကာ စိတ်ပျက်နေတဲ့ ခံစားချက်တွေကိုသာ ခံစားနေရသည်. သူမရဲ့ကလေးကို နားလည်ပေးနိုင်လောက်တဲ့အထိလဲ စိတ်မရှည်ပေ. သူမက စိတ်ရှည်ဖို့တောင် မကြိုးစားခဲ့ပေ.

Poliana က သိသိသာသာကို စိတ်ပျက်နေပုံရတာကြောင့် ကလေးထိန်းက ကလေးကို အပြင်ခေါ်ထုတ်သွားသည်. အခန်းထဲမှာ တစ်ယောက်တည်းကျန်ခဲ့ချိန်မှာတော့ Poliana က သေချာစဉ်းစားဖို့ အချိန်ရသွားသည်. အခုမှသာ သူမက အပြစ်ကင်းတဲ့'ခွေးစာလေး'အပေါ်ကို မတရားဆက်ဆံမိနေခဲ့မိတာကို သတိပြုမိသွားတာဖြစ်သည်. သူမသားက ဘာကိုမှ မလုပ်သေးပေမဲ့ သူ့ရဲ့အမေရင်းဖြစ်တဲ့ Poliana ကတော့ ဘာအကြောင်းပြချက်ကောင်းမှ မရှိပဲ သူ့အပေါ်ကို စိတ်တိုနေခဲ့သည်.

'ငါက အဆိုးဆုံးပဲ'

သူမရဲ့ ဒီလိုပုံစံကိုသာ သူမရဲ့ဧကရာဇ်တွေ့မြင်သွားမယ်ဆိုရင် သူဘယ်လောက်တောင် စိတ်ပျက်သွားမလဲဆိုတာကို သူမ မှန်းဆကြည့်လို့ရနေသည်. သူ့ရဲ့သွေးသားရင်းချာက ဒီလိုမျိုး ခွဲခြားဆက်ဆံခံနေရတာကြောင့် ပိုပြီးတော့ စိတ်ဆိုးသွားလိမ့်မည်.

ဒါပေမဲ့ Poliana အတွက်တော့ 'ခွေးစာလေး'က ဧကရာဇ်ရဲ့သားသာ ဖြစ်ပြီး သူမကံဆိုးမှုတွေရဲ့ ဇစ်မြစ်ဖြစ်သည်. အခုအချိန်မှာ သူမရဲ့ကလေးကို သူမရဲ့ သားအရင်း ဒါမှမဟုတ် သူမရဲ့ မိသားစုတစ်ယောက်အဖြစ် မမြင်နိုင်ပေ. အခုအချိန်မှာ သူ့အပေါ်မှာ ဘယ်လိုချစ်ခင်နှစ်သက်မှုမျိုးကိုမှ ခံစားလို့မရပေ.

အထက်တန်းလွှာအသိုင်းအဝိုင်းမှာ ပထမသားဦးကသာ မိသားစုရဲ့ အမွေဆက်ခံသူကြောင်း သတ်မှတ်ထားကြသည်. တတိယသားမွေးပြီးနောက် နောက်ထပ် သားသမီးတွေကိုတော့ အပိုလူတွေအဖြစ် ယူဆတတ်ကြသည်. Poliana အတွက်လဲ ဒီလိုပဲဖြစ်ခဲ့ပြီး သူမကိုယ်တိုင်ကိုက သူမမိဘတွေရဲ့ ချစ်ခင်နှစ်သက်မှုခံခဲ့ရလားဆိုတာကို သေချာမပြောနိုင်ပေ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now