အခန်း ၃၀၂

56 5 0
                                    

နောက်တစ်နေ့မှာတော့ Lucius နဲ့ Poliana တို့က စားပွဲမှာထိုင်ကာ မနက်စာ အတူစားနေကြသည်. မနေ့က သူတို့ပြောခဲ့တဲ့အကြောင်းအရာက နှစ်ယောက်လုံးကို ဝမ်းနည်းစေကာ နာကျင်စေခဲ့ပေမဲ့လဲ သူတို့က တစ်ယောက်နဲ့တစ်ယောက် ရှောင်မနေကြပေ. စစ်အတွင်းမှာတုန်းက သူတို့မှာ ဒီ့ထက်ပိုပြင်းထန်တဲ့ အချိန်တွေရှိခဲ့ဖူးသည်. သူတို့က တစ်ယောက်နဲ့တစ်ယောက် အသည်းအသန်ငြင်းခုန်ခဲ့ကာ ရန်ဖြစ်ခဲ့ကြတဲ့အချိန်တွေလဲ ရှိခဲ့ဖူးသည်. မနေ့က ဖြစ်ခဲ့တာက သူတို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ ယုံကြည်မှုတွေကို ပြောင်းလဲသွားစေလောက်တဲ့အထိ မဖြစ်ခဲ့ပေ.

Poliana က Lucius ကို ယုံကြည်ပြီး Lucius ကလဲ Poliana ကို ယုံကြည်သည်. သူတို့ စစ်ထဲမှာ ဆယ်နှစ်လောက် အတူရှိခဲ့ပြီး သူတို့က အဖြစ်အပျက်တွေအများကြီးကို တွေ့ကြုံခဲ့ရသည်. သူတို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ သံယောဇဉ်နဲ့ လေးစားမှုတွေက အလွယ်တကူပြောင်းလဲသွားမှာ မဟုတ်ပေ.

မနေ့က Lucius ရဲ့ ရုတ်တရက်ဖွင့်ဟဝန်ခံချက်ကြောင့် Poliana က အလွန်ဝမ်းနည်းသွားခဲ့သည်. သူမက ဧကရာဇ်ကို မချစ်သလို သူ့ကလေးကိုလဲ ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူးလို့ ပြောခဲ့ကာ ဒီစကားတွေကြောင့် ဧကရာဇ်က နာကျင်ခံစားသွားခဲ့ရသည်. သူတို့နှစ်ယောက်လုံးက ဒဏ်ရာတွေရခဲ့တာကြောင့် ဘယ်သူက အနာကျင်ဆုံးဖြစ်မလဲဆိုတာ အဖြေရှာဖို့ မဖြစ်နိုင်ပေ.

Poliana က စိတ်လှုပ်ရှားစွာနဲ့ ဧကရာဇ်ကို ကြည့်လိုက်သည်. မနေ့က Lucius ရဲ့ ဝန်ခံချက်ကို ကြားလိုက်တော့ သူမရဲ့ ပုံစံမဟုတ်တဲ့ စိတ်ခံစားချက်ပြင်းထန်နေတဲ့ ပုံစံမျိုးနဲ့ တုန့်ပြန်ခဲ့မိသည်.. မွေးကင်းစကလေးကို ကြည့်ရှုနေရလို့ သူမ ကောင်းကောင်းမအိပ်ပျော်ခဲ့လို့လား? မနေ့က ဧကရာဇ်ကို ပြောခဲ့တာတွေက ရိုင်းပြပြီးတော့ အကျိုးအကြောင်းမသင့်လျော်ဘူးဆိုတာကို Poliana သိနေသည်. သူမက ပင်ပန်းလွန်နေတာကြောင့် ဖြစ်နိုင်သည်. မနေ့ညကတော့ နို့ထိန်းက 'ခွေးစာလေး'ကို တစ်ညလုံးကြည့်ရှုပေးခဲ့ကာ Poliana က တစ်ညလုံးနှစ်ခြိုက်စွာနဲ့ အိပ်ပျော်ခဲ့သည်. အခုတော့ သူမက ပိုပြီးတော့ နေလို့ကောင်းသွားကာ စိတ်တည်ငြိမ်နေပုံရသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now