အခန်း ၂၈၃

43 6 0
                                    

အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ရှိလာတာနဲ့ သူမဘဝရဲ့အရာအားလုံးက ကလေးနဲ့ သက်ဆိုင်သွားသည်. မိခင်လောင်းတွေကို ကောင်းတဲ့အတွေးတွေ တွေးဖို့, အစားကောင်းကောင်းစားဖို့, သာယာနာပျော်ဖွယ်အသံတွေကိုသာ နားထောင်ဖို့နဲ့ ကောင်းမွန်တဲ့ မြင်ကွင်းတွေကို ကြည့်ရှုဖို့ မှာကြားတတ်ကြသည်.
သူမအတွက်တော့ ဒီလိုဖြစ်လာမှာမဟုတ်ပေ. Poliana Winter က မကောင်းတဲ့သူ ဖြစ်သည်. အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ရှိလာတာနဲ့ ကောင်းမွန်တဲ့အရာတွေရှိလာရမှာ မှန်ပေမဲ့ မိခင်လောင်းကိုယ်တိုင်က မကောင်းတဲ့သူဖြစ်နေရင် ဒီစည်းမျဉ်းတွေက အလုပ်ဖြစ်ပါ့မလား?

Poliana က ဒီကလေးကို ထွက်သွားစေချင်နေသည်. သူမက ဒီကလေးကို မလိုအပ်သလို လိုလဲ မလိုချင်ပေ. ဒီကလေးက သူမဧကရာဇ်ရဲ့ သွေးသားဖြစ်နေတဲ့အချက်ကြောင့်သာ သူမက ကိုယ်ဝန်ဖျက်မချခဲ့တာဖြစ်သည်.

'ငါက အဆိုးဆုံးပဲ..'

Poliana က နံရံကို ထိုးနေတာ မရပ်တန့်နိုင်ပေ. လက်အိတ်တွေသာ ဝတ်မထားရင်တော့ သူမလက်တွေက သွေးတွေထွက်နေလောက်ပြီ ဖြစ်သည်. သူမက Lucius ဆီကို သတင်းပို့ဖို့ သွားနေတာဖြစ်ပေမဲ့ သူမခြေထောက်တွေက ရွေ့လျားဖို့ ငြင်းဆန်နေသည်. သူမလမ်းလျှောက်တာက ပိုပြီးတော့ နှေးသွားကာ သူမက သိချင်နေသည်.

'ကလေးက သူ့ကလေးမဟုတ်ဘူးလို့ ထင်လာရင်ရော?'

ဒီအခြေအနေကို စဉ်းစားမိတာနဲ့တင် နာကျင်စရာကောင်းသည်. တကယ်လို့ သူက သူမစကားတွေကို သံသယဝင်ခဲ့ရင် သူမဘဝတစ်လျှောက်လုံး နာကျင်ခံစားနေရမှာဖြစ်သည်. သူမက ဒီအခြေအနေကနေ နလန်ထူနိုင်မှာ မဟုတ်တော့ပေ.

Lucius က သူမကို ယုံကြည်ဖို့ လိုသည်. Poliana က တကိုယ်တည်းသမားဖြစ်ပြီး ဧကရာဇ်ကလဲ လက်ထပ်နိုင်တဲ့ အခြေအနေကို ပြန်ရောက်လာသည်. သူမဆီမှာ သူ့ကလေးရှိနေတဲ့အတွက် သူတို့လက်ထပ်လိုက်တာက အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်. လက်ထပ်လိုက်ခြင်းအားဖြင့် မကောင်းတဲ့ကောလဟာလတွေကို ရပ်တန့်သွားစေမှာဖြစ်သည်.

ဟုတ်တယ်, Poliana နဲ့ Lucius တို့ရဲ့ လက်ထပ်ပွဲ...

အကူတွေက Poliana ကိုတွေ့လိုက်တော့ သူတို့က သူမကို လေးစားစွာနဲ့ ဦးညွှတ်ကာ နှုတ်ဆက်လာသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now