အခန်း ၂၃၈

34 2 0
                                    

Marquis Seeze က Lady Tory ကို ဆက်ပြီးတော့ အော်ဟစ်ကာ ပြောဆိုနေသည်.

"မင်း မိုက်မဲတဲ့ မိန်းမပျက်! မင်း ဘာမှမသိဘူး!"

"ဟုတ်တယ်. အဘိုးပြောတာမှန်တယ်. ကျွန်မက မိုက်မဲတယ်! ကျွန်မခံစားချက်တွေက ကျွန်မဆုံးဖြတ်ချက်တွေကို လွှမ်းမိုးသွားတာတော့ မတတ်နိုင်ဘူး! ဒါကြောင့်ပဲ ကျွန်မက အဘိုးရဲ့ ရည်မှန်းချက်တွေ ပန်းတိုင်တွေကို ဂရုမစိုက်တာ! ဒီတိုင်းပြည်အတွက် အဘိုးစီစဉ်နေတဲ့ ကြီးမားတဲ့ပုံရိပ်ဆိုတာကိုလဲ မသိချင်ဘူး! ကျွန်မက ကျွန်မသူငယ်ချင်း အဆိပ်မိမသွားဖို့ပဲ လိုချင်တာ!"

Marquis Seeze ရဲ့အကြောင်းပြချက်တွေက သဘာဝမကျပေ. ဒီအခြေအနေတစ်ခုလုံးက လှောင်ပြောင်စရာဖြစ်နေသည်. တကယ်လို့ အမျိုးသမီးတွေက စိတ်ခံစားချက်တွေပြင်းထန်လို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို မချနိုင်ဘူးဆိုရင် Marquis နဲ့ အကြီးအကဲတွေက Lady Stra ကို အဆိပ်ခတ်ဖို့အတွက် Tory ကို ဘာလို့ ခိုင်းခဲ့ရတာလဲ?

ဒါတွေအကုန်လုံးက Tory ရဲ့အမှားတွေလို့ Marquis Seeze က အော်ဟစ်နေပေမဲ့ အမှန်တော့ သူမှားခဲ့တာဖြစ်သည်. Tory က သူ့ကို သစ္စာဖောက်ခဲ့တာမှန်ပေမဲ့ သူ့ကို တရားဥပဒေနဲ့အညီ အပြစ်ပေးမှာက Lucius ဖြစ်သည်. ဒါတောင်မှပဲ Marquis Seeze က ဆက်ပြီးတော့ အော်ဟစ်နေသည်.

"မင်း မိန်းမပျက်..! မင်း...! မင်းကများ..!"

အစောင့်တွေက Marquis ကို ဝိုင်းကာထားကြသည်. သူ့လက်မောင်းတွေက ဒေါသကြောင့် တုန်ယင်နေတာကို သူတို့ ခံစားလို့ရနေသည်. Marquis Seeze က သူ့ဒေါသတွေကို မထိန်းချုပ်နိုင်တော့ပေ. သူ့ဘဝတစ်လျှောက်လုံး သစ္စာဖောက်ခံရမှာကို စိုးရိမ်နေခဲ့တာဖြစ်သည်. သူက သူ့သား, သူ့သူငယ်ချင်းတွေနဲ့ သူ့မြေးတွေကိုတောင် သတိထားနေခဲ့ရသည်. သူ့ရဲ့ အမွေဆက်ခံသူဖြစ်တဲ့ Sir Bentier ကိုတောင်မှ သူက အပြည့်အဝမယုံကြည်ခဲ့ပေ. သူက သံသယလွန်ကဲခဲ့ပေမဲ့ သူ့သမီး, ဇနီးနဲ့ မြေးမတွေကိုတော့ သူ့ကို သစ္စာဖောက်မှာကို စိတ်မပူခဲ့ပေ. အမျိုးသမီးတွေက ဘာမှမလုပ်နိုင်ဘူးလို့ သူယုံကြည်ခဲ့တာကြောင့် ဖြစ်သည်. အမျိုးသမီးတွေအားလုံးက ကလေးမွေးဖို့နဲ့ သူတို့အိမ်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့အတွက်သာ ကောင်းမွန်ကြသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now