အခန်း ၂၁၇

37 4 0
                                    

Sir Ainno ဧကရာဇ်ရုံးခန်းကနေ ထွက်လာတော့ Poliana က အပြင်ဘက်မှာ စောင့်နေတာကို တွေ့လိုက်သည်. ကြည့်ရတာ သူမ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ဟန်တူသည်. လွန်ခဲ့တဲ့တစ်လလောက်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် သူမက အခန်းထဲကို ဝင်မသွားခဲ့ပေ. Sir Ainno က သူမကို ခေါင်းငြိမ့်ပြကာ ထွက်သွားခါနီး အံ့ဩတကြီးနဲ့ မေးလိုက်သည်.

"Sir Poliana, ငါ မင်းဆီကနေ ရေမွှေးနံ့ ရလိုက်သလိုပဲ?"

"ဟုတ်တယ်. အမျိုးသမီးတွေ ဖြန်းပေးလိုက်တာ"

"မင်း စိတ်လွတ်သွားပြီလား?"

Poliana က အလှပြင်ရတာကို သဘောမကျပေ. သူမဆံပင်တွေ သပ်ရပ်အောင်လို့သာ ခေါင်းလိမ်းဆီနည်းနည်းသုံးတာဖြစ်တာကြောင့် ဒါက ကြောက်လန့်ဖွယ်ရာ အပြောင်းအလဲဖြစ်နေသည်. Sir Ainno ကြည့်ရတာ ဒေါသထွက်နေပုံရတာကြောင့် Poliana က မျက်မှောင်ကြုံ့ကာ ပြန်ဖြေလိုက်သည်.

"ရှင် ရိုင်းနေပြီ"

သူတို့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်က တော်တော်လေးကြာခဲ့ပြီကို အခု သူက သူမကို ဒီလိုဆက်ဆံနေတယ်. Poliana က သူ့ကို ဆွဲထိုးပစ်လိုက်ချင်ပေမဲ့ သူမက သူ့ကို မနိုင်ဘူးဆိုတာ သိနေသည်. သူမကြိုးစားရင်တောင် အရာထင်မှာမဟုတ်ပေ.

Master Chail က တံခါးခေါက်ကာ သူမရောက်နေကြောင်း အကြောင်းကြားလိုက်သည်. Poliana က သူမပုံစံတကျ မတ်တပ်မရပ်ခင်မှာ Sir Ainno ကို စိုက်ကြည့်လိုက်သည်. ဒီနေ့က အဲ့ဆိုးရွားတဲ့ညနောက်ပိုင်း ဧကရာဇ်နဲ့ ပထမဆုံးပြန်တွေ့ရတာဖြစ်သည်. သူမအနေနဲ့ အမှားအယွင်းလုပ်လို့မရဘူးဆိုတာကို သိနေတာကြောင့် သူမက သေချာပြုမူပြောဆိုဖို့ လိုအပ်သည်.

"အရှင့်ကို နှုတ်ဆက်ပါတယ်"

Poliana က သေချာဒူးထောက်ကာ ဧကရာဇ်ကို လေးစားစွာနဲ့ နှုတ်ဆက်လိုက်သည်. ဝမ်းနည်းနေပုံရတဲ့ Lucius က သူမကို ပြောလိုက်သည်.

"မတ်တပ်ရပ်ပါ Sir Pol. မင်းအနေနဲ့ ဒူးထောက်စရာ အကြောင်းမရှိဘူး. မင်း ဘာလို့ ရုတ်တရက် အရမ်းပုံစံတကျဖြစ်နေရတာလဲ?"

လွန်ခဲ့တဲ့လက သူမကိုယ်သူမအပြစ်ပေးစရာမလိုတဲ့အကြောင်း သူမဆီကို စာပို့ခဲ့ပေမဲ့ Poliana က လစ်လျှူရှုကာ သူ့ဆီကို စာတစ်စောင်မှ မပို့လာခဲ့ပေ.

Emperor and the Knightness (Zawgyi) Book - 2Waar verhalen tot leven komen. Ontdek het nu