အခန်း ၂၃၁

30 3 0
                                    

Lucius က သူ့ဇနီးကို ချီးကျူးစကားပြောလိုက်တော့ Lady Stra က မတ်တပ်ရပ်ကာ သူ့ကို ဦးညွှတ်လိုက်သည်. သူမက ပြန်ဖြေလိုက်သည်.

"အရှင်က အရမ်းကြင်နာနေပါပြီ. ကျွန်မက Lady Tory ရဲ့ အကူအညီကြောင့်သာ ဒီပွဲကို စီစဉ်နိုင်ခဲ့တာပါ. သူမသာ မကူညီရင် ကျွန်မ ဒီလောက်အထိ လုပ်နိုင်မှာမဟုတ်ဘူး"

Lucius က Lady Tory ဘက်ကိုလှည့်ကာ သူမကိုလဲ ချီးကျူးလိုက်သည်.

"ကျေးဇူးပါ Lady Tory ငါ့ဇနီးနှစ်ယောက်က ညီအစ်မတွေလိုမျိုး အဆင်ပြေနေတာကို တွေ့ရလို့ ငါအမြဲတမ်း ကျေးဇူးတင်နေမိတာ"

"အရှင့်ဆီမှာ အမှုထမ်းခွင့်ရနေတာကိုက ဂုဏ်ယူစရာပါ. ကျွန်မတို့က ဘယ်လိုလုပ် တစ်ယောက်နဲ့တစ်ယောက်မနာလိုဖြစ်ရမှာလဲ?. ပြီးတော့ Lady Stra က အရမ်းကြင်နာတတ်တော့ ကျွန်မ ဘာမှ ပြောစရာမလိုပါဘူးရှင်. အရှင်နဲ့ Lady Stra တို့က ကျွန်မဘေးနားမှာ ရှိနေကြလို့သာ ကျွန်မက ကျေးဇူးတင်နေမိတာပါ"

တခြားအထက်တန်းလွှာတွေကလဲ ဧကရာဇ်ရဲ့ ကံကောင်းမှုအတွက် ဂုဏ်ပြုလိုက်ကြသည်. သူတို့က သူ့ရဲ့လှပတဲ့ဇနီးတွေအကြောင်းနဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုအကြောင်းတွေကို ပြောလာကြပေမဲ့ Lucius ကတော့ သူကံကောင်းတယ်လို့ မခံစားမိပေ.

'ဒီစိတ်ပျက်စရာကောင်းတဲ့အဘိုးကြီးတွေက ဘာလို့ မသေနိုင်သေးတာလဲ?'

သူ့ရဲ့အတွေးတွေက မကောင်းတဲ့အမြင်ဖြစ်သွားတာကြောင့် မုန်းတီးနေမိသည်. အစေခံတွေက အစားအသောက်တွေကို စတင်တည်ခင်းလိုက်ကြတော့ ဧည့်သည်တွေက ပျော်ရွှင်စွာနဲ့ သုံးဆောင်နေကြသည်. Poliana က Tory ရဲ့ဘေးမှာ ထိုင်နေတာဖြစ်သည်. Lady Tory နဲ့ Lady Stra တို့ကို အထူးသီးသန့်နေရာမှာ နေရာချပေးထားသည်. ဧကရာဇ်ရဲ့ဇနီးတွေ ဘေးမှာတော့ Duchess Luzo နဲ့ Duchess Seki တို့ ထိုင်ရမှာဖြစ်ပေမဲ့ Poliana ကို အထူးသီးသန့်နေရာမှာ နေရာပေးခဲ့သည်. Poliana က Duchess Seki ကို အနေရခက်စွာနဲ့ နှုတ်ဆက်လိုက်သည်.

Lucius ရဲ့ဘေးမှာတော့ Duke Luzo နဲ့ Sir Ainno တို့ ထိုင်နေကြသည်. ဧကရာဇ်အယုံကြည်ရဆုံးသူတွေသာ သူ့ဘေးနားမှာ ထိုင်ခွင့်ရှိတာဖြစ်သည်. အမှန်တကယ်တော့ Poliana က Lucius ဘေးမှာ ထိုင်ရမှာဖြစ်ပေမဲ့ သူမက အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့် သူမ တခြားအမျိုးသမီးတွေနဲ့အတူ ထိုင်နေရသည်. ထိုင်ခုံနေရာတွေကို ဘယ်လိုစီစဉ်ခဲ့တာလဲဆိုတာကို Lucius က မသိခဲ့ပေ. Poliana ကလဲ အံ့ဩသွားခဲ့သည်. အရင်ပွဲတွေမှာတုန်းကတော့ အမျိုးသားနဲ့ အမျိုးသမီးတွေအတူထိုင်ခဲ့ကြပေမဲ့ ဒီတစ်ခါမှာတော့ Lady Stra က Acreian တွေရဲ့ ဓလေ့အတိုင်း သေချာလိုက်နာခဲ့သည်. Lady Stra က ဒီပွဲအတွက် အရမ်းကြိုးစားခဲ့တာကို သိနေတာကြောင့် Poliana က သူမနေရာကို ပြောင်းပေးခိုင်းဖို့အတွက် မမေးရဲတော့ပေ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now