အခန်း ၂၅၇

48 6 2
                                    

Poliana က သူမကျူးလွန်မိခဲ့တဲ့ မိုက်မဲတဲ့အမှားကို သတိပြုမိလိုက်သည်. Frau က သူမရဲ့ငွေကြေးတွေကြောင့် သူမနောက်ကို လိုက်ခဲ့တာလို့ ဖော်ထုတ်ခဲ့တဲ့အချိန်မှာ သူမက သူနဲ့အဝေးကို ထွက်သွားခဲ့သင့်သည်. သူ့မှာ တခြားရည်ရွယ်ချက်ရှိနေတာကို သူမ သိခဲ့သင့်သည်. တကယ်လို့ သူမက ဒီအရာကို သံသယမဖြစ်ခဲ့မိရင်တောင်မှ သူမက သူ့ကို ဘယ်တော့မှ လက်မခံခဲ့သင့်ပေ. သူက ကိုယ်ကျင့်တရားမကောင်းတဲ့သူဖြစ်တဲ့အပြင် ရိုင်းစိုင်းတဲ့သူပါဖြစ်နေတာကြောင့် သူမက သူ့ကို စွန့်ပစ်ခဲ့သင့်သည်.

ဘာလို့လဲ? သူမဘာလို့ ဒီလိုလုပ်ခဲ့မိတာလဲ? သူမက ဘာလို့ သူ့ကို ယုံကြည်ခဲ့မိတာလဲ? သူမက ဘာလို့ သူ့ကို စိတ်ချခဲ့တာလဲ? သူမက ဘာလို့ ဒီလောက်ရူးမိုက်ခဲ့ရတာလဲ?

သူက ရိုးအပြီး အပြစ်ကင်းတဲ့အမျိုးသားတစ်ယောက်လို့ ထင်ခဲ့မိသည်. သူက စကားကောင်းကောင်းမပြောတတ်တာလို့ပဲ သူမ ထင်ခဲ့မိသည်. ဒါပေမဲ့ အမှန်တရားကတော့... တကယ်လို့ သူက သူထင်ထားသလို လူကောင်းတစ်ယောက်ဖြစ်ခဲ့ရင် သူက ပိုက်ဆံအတွက် ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ပေ. သူမအတွက် ဆင်ခြေပေးစရာတစ်ခုက သူ့ရဲ့လက်ထပ်ခွင့်ကမ်းလှမ်းမှုကြောင့် သူမက အရမ်းထိတ်လန့်သွားခဲ့ပြီး ရှင်းလင်းပြတ်သားစွာမတွေးတောနိုင်ခဲ့တာပဲ ရှိသည်. ပြန်စဉ်းစားကြည့်လိုက်တော့ သတိထားစရာအချက်တွေအများကြီးရှိခဲ့ပေမဲ့ အဲ့တာတွေကို မမြင်နိုင်လောက်အောင် သူမက ကန်းနေခဲ့သည်.

Poliana က အရှက်ရမိနေသည်. သူမက ရှက်ရွံ့ကာ ဝမ်းနည်းနေမိသည်. သူမက သေချင်နေပြီး အထူးသဖြင့် သူမရဲ့ဧကရာဇ်က သူမအတွက် ဒီလောက်ထိလုပ်ပေးခဲ့တာကြောင့် သူမက စိတ်ပျက်နေသည်. သူမက အပြစ်ရှိသလို ခံစားနေရပြီး သူမရဲ့နောင်တကို ဘယ်လိုဖော်ပြရမလဲ မသိပေ. လတ်တလောမှာ ဧကရာဇ်က သူ့ဇနီးတွေကို တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးထားကာ, လက်ရှိနိုင်ငံရေးအခြေအနေကလဲ ရှုပ်ထွေးနေပြီး သူဘယ်လောက်အထိ အလုပ်များနေလဲဆိုတာကို Poliana ကောင်းစွာသိထားသည်. ကံမကောင်းစွာနဲ့ Poliana က စစ်သည်တစ်ယောက်အနေနဲ့ အဆိုးရွားဆုံးအလုပ်ကို လုပ်မိသလိုဖြစ်သွားတာကြောင့် သူ့ကိုပိုပြီးတော့ အလုပ်များသွားစေသည်.

Emperor and the Knightness (Zawgyi) Book - 2Wo Geschichten leben. Entdecke jetzt