အခန်း ၃၄၄

31 6 0
                                    

Lady Siming က Poliana ကို မေးလိုက်သည်.

"ဒီမှာလေ Marquess? ဒါက ရှင့်အကြိုက်ဆုံးအရောင်မလား? အလှဆင်ထားတာကလဲ ရိုးရှင်းပြီးတော့ ကျက်သရေရှိတယ်မလား?"

"အင်း... ဒါက တော်တော်လေးတော့လှတယ်.. ဒါပေမဲ့ ငါက အပြာရောင်ကြိုက်တယ်လို့ ဘယ်တုန်းက ပြောဖူးလို့လဲ?"

Lady Siming ရဲ့ မျက်လုံးတွေက တွေဝေသလိုဖြစ်သွားပြီး ကြောက်ရွံ့သွားသည်. အရင်တုန်းက Poliana က အပြာရောင်ပဲဝတ်မယ်လို့ ခေါင်းမာခဲ့တာမဟုတ်ဘူးလား?

"ရှ- ရှင်မကြိုက်ဘူးလား?"

"မဟုတ်ပါဘူး. ဒီလိုပဲ ငါ့အကြိုက်ဆုံးအရောင်ဆိုတာသာ မရှိတာပါ"

Poliana က အပြာရောင်ပဲ ဝတ်မယ်လို့ ခေါင်းမာခဲ့ဖူးပေမဲ့ အဲ့တာက သူမအကြိုက်ဆုံးအရောင်ဖြစ်နေလို့တော့ မဟုတ်ပေ. အဲ့တာက သူမ အများဆုံးအသုံးပြုနေကျ အရောင်ဖြစ်နေလို့ ဖြစ်သည်. Lady Siming နဲ့ သူမရဲ့ အကူတွေက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်.

Knock, knock..

တစ်ယောက်ယောက်က တံခါးခေါက်လာပြီး အကူတွေထဲက တစ်ယောက်က တံခါးသွားဖွင့်လိုက်သည်. Lady Siming က သူမအတွက် ပိတ်စရွေးနေတာကြောင့် သူမက အတွင်းခံအင်္ကျီတွေကိုသာ ဝတ်ထားတာဖြစ်သည်. Poliana က လိုက်ကာနောက်ကို အမြန်ပြေးသွားလိုက်သည်. လိုက်ကာစအထူနောက်ကနေ လူတွေ ဝင်ထွက်သွားလာနေတာကို သူမ တွေ့မြင်နေသည်. အခန်းထဲကို သေတ္တာအကြီးကြီးတွေ သယ်လာကြသည်. Poliana နဲ့အတူ လိုက်ကာစနောက်မှာ ရှိနေတဲ့ Lady Siming က အပြင်ဘက်ထွက်သွားကာ ဘာတွေဖြစ်နေတာလဲ ဆိုတာကို စစ်ဆေးနေသည်. Lady Siming က သူမခေါင်းကို ရမ်းကာ အမျိုးသားတွေကို အမိန့်ပေးနေတာကို Poliana ကြားနိုင်သည်.

"ဒါက မလောက်သေးဘူး. ငါတို့ စတိုခန်းထဲ သွားကြည့်မှ ရမယ်. ငါတို့အတွက် တံခါးဖွင့်ပေး"

"စတိုခန်းထဲ သွားဖို့... မင်းက ဘယ်လိုအတင့်ရဲပြီးတော့ ဒီလိုအကြံပေးရဲ..."

အမျိုးသားရဲ့အသံကြောင့် Poliana က နားစွင့်မိသွားသည်. သူ့အသံကို မှတ်မိတာကြောင့် Lady Siming နဲ့ ငြင်းခုန်နေတဲ့သူက သူမ သိနေတဲ့သူဖြစ်သည်. Poliana က ဘယ်သူဖြစ်နိုင်မလဲ ဆိုတာကို ခဏစဉ်းစားလိုက်ပြီး. အဲ့လူက Yapa ရဲတိုက်ထဲမှာ သိမ်းဆည်းထားတဲ့ တော်ဝင်မိသားစုရဲ့ ရတနာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ထိန်းသိမ်းရတဲ့ ဘဏ္ဍာထိန်းဖြစ်နေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now