အခန်း ၂၇၅

41 4 0
                                    

Lucius က သူ့ညီဝမ်းကွဲ ထွက်သွားတာကို ကြည့်နေလိုက်သည်. Duke Luzo က ခါတိုင်းလိုမဟုတ်ပဲ ဧကရာဇ်ကို ကျောခိုင်းကာ ထွက်သွားတာဖြစ်သည်. ပုံမှန်ဆိုရင်တော့ တော်ဝင်ဓလေ့ထုံးတမ်းအရ Duke က ကျောမခိုင်းခင်မှာ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်ခွာပြီးမှ ကျောခိုင်းကာ ထွက်သွားတတ်တာဖြစ်သည်.

'သူတော်တော်လေးစိတ်ဆိုးသွားတယ်ထင်တယ်..'

Duke Luzo ရဲ့ သားကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့အခြေအနေဖြစ်တာကြောင့် ဒါက နားလည်နိုင်စရာဖြစ်သည်. Lucius ရဲ့အဖေ, အရင်ဧကရာဇ်က Duke Luzo ရဲ့အဖေဖြစ်တဲ့ သူ့ညီအရင်းနဲ့ ဆက်ဆံရေး မကောင်းခဲ့ပေ. အရင်ဧကရာဇ်က Lucius အနေနဲ့ သူငယ်ချင်းကောင်းရအောင်လို့ Duke Luzo ကို တော်ဝင်ရဲတိုက်မှာ နေထိုင်ဖို့ အမိန့်ပေးခဲ့သည်. Duke Luzo ရဲ့အဖေက သူ့ဆီက သူ့သားကို ခိုးယူသွားတယ်လို့ ခံစားခဲ့ရသည်.

သူတို့မသေခင်အထိ ဒီညီအစ်ကိုရဲ့ ဆက်ဆံရေးက ထူးခြားမှုမရှိခဲ့ပေ. ဒီမိသားစုပြဿနာမျိုးကို Lucius အနေနဲ့ ထပ်မဖြစ်စေချင်ပေ.

'ဒါပေမဲ့ Park ကို ငါ့အမွေဆက်ခံသူအဖြစ် ထားဖို့ လိုတယ်'

သူ့အချစ်ကို ရယူပိုင်ဆိုင်နိုင်ဖို့အတွက် ဧကရာဇ်က နည်းနည်းလောက် တကိုယ်ကောင်းဆန်ဖို့ ဆုံးဖြတ်ခဲ့သည်. တကယ်လို့ Duke က သူ့အစီအစဉ်အတိုင်း မလိုက်နာရင်တောင်မှပဲ Lucius က အမွေဆက်ခံသူမရှိပဲ သေသွားခဲ့ရင် Duke Luzo က ထီးနန်းကို ဆက်ခံရမှာဖြစ်ပြီး နောက်မှာတော့ သူ့သားက အမွေဆက်ခံရမှာ ဖြစ်သည်. Park Luzo ကို သူ့အမွေဆက်ခံသူအဖြစ် တရားဝင်ကြေငြာချက်မထုတ်လဲ ပြဿနာမဖြစ်နိုင်ပေ. နောက်မျိုးဆက်အတွက် ဒီတိုင်းပြည်ကြီးအေးချမ်းတည်ငြိမ်အောင်လို့ သူမသေမချင်း အလုပ်လုပ်နေရမဲ့ အခြေအနေကတော့ ရှိနေသည်.

'ငါ ဘယ်တော့မှ အနားယူလို့ မရနိုင်လောက်ဘူးထင်တယ်..'

သူ မသေခင်မှာ ပြီးမြောက်အောင် လုပ်ဆောင်ရမဲ့အရာတွေကို Lucius က စဉ်းစားကြည့်လိုက်သည်. လုပ်စရာတွေများလွန်းပြီး အချိန်မလုံလောက်တာကြောင့် သူက သက်ပြင်းချလိုက်သည်. သူက ဒီတိုင်းပြည်ရဲ့အုပ်ချုပ်သူဖြစ်တာကြောင့် သူက အထီးကျန်တဲ့ဘဝမျိုးနဲ့ နေရဖို့ ကံဇာတာပါလာသည်. သူ့စိတ်ကူးအိပ်မက်ထဲက အမျိုးသမီးကို သူ့ဘေးနားမှာ ထားချင်တာက အရမ်းများနေလို့လား? သူက အရမ်းလောဘကြီးနေလား? Poliana ရဲ့ ပျော်ရွှင်မှုက ဘာလို့ သူ့ပျော်ရွှင်မှုနဲ့ ထပ်တူမကျနိုင်ရတာလဲ?

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now