အခန်း ၂၄၇

37 3 0
                                    

Lucius က Tory မငြင်းဆန်နိုင်လောက်မဲ့အရာကို ကမ်းလှမ်းနေတာဖြစ်သည်. သူမက ခေါင်းငုံ့နေရာမှ ဖြည်းဖြည်းချင်း မတ်လိုက်သည်. သူမရဲ့အမျိုးသမီးဆန်စွာ လှပတင့်တယ်တဲ့ ဟန်ပန်နဲ့ တောက်ပနေတဲ့ မျက်ဝန်းတွေ,... Tory က ဘာစကားမှ ပြောစရာမလိုတော့ပေ. ဧကရာဇ်က သူမကို ပြောလိုက်သည်.

"အမွေဆက်ခံခွင့်ရှိတဲ့ ဘွဲ့ထူးတော့ မင်းကို ပေးလို့မရဘူး. ဒါပေမဲ့ အဲ့အစား မင်းနဲ့သင့်တော်တဲ့အဆင့်အတန်းတစ်ခုကို ငါပေးနိုင်တယ်"

အမျိုးသမီးတစ်ယောက်က ဘယ်လို ရာထူးနဲ့ တရားဝင်အဆင့်အတန်းကို ရနိုင်လဲဆိုတာကို Tory က ဧကရာဇ်ကို မမေးလိုက်တော့ပေ. ဒါက ဖြစ်နိုင်ချေရှိတယ်ဆိုတာကို နှစ်ယောက်လုံးက သိပြီးသားဖြစ်သည်. အစိုးရအဖွဲ့ထဲမှာ တရားဝင်ရာထူးနဲ့ နယ်မြေပိုင်ဆိုင်တဲ့ အမျိုးသမီးတစ်ယောက်ရှိပြီးသား ဖြစ်သည်.

Marquess Poliana Winter

ဒါမျိုးက တစ်ခါလုပ်ခဲ့ပြီးသားဖြစ်တာကြောင့် နောက်ထပ်တစ်ခါ ထပ်လုပ်ဖို့က လွယ်ကူသွားပြီ ဖြစ်သည်. ပိုပြီးလွယ်ကူကာ သက်တောင့်သက်သာရှိမဲ့ဘဝမျိုးအတွက် ဆိုရင်တော့ Tory က ဒီကမ်းလှမ်းချက်ကို ငြင်းဆန်သင့်တယ်ဆိုတာ သိနေသည်. ဒါပေမဲ့ သူမ တကယ်လိုချင်တာက ဒီလိုပျင်းစရာကောင်းတဲ့ဘဝမျိုးဆိုရင်တော့ Tory က သူမ မိသားစုကို သစ္စာဖောက်ခဲ့မှာတောင် မဟုတ်ပေ. ပြီးတော့ သူမက လူသိရှင်ကြားစွဲချက်သာ မတင်ခဲ့ဘူးဆိုရင် သူမက ဒီလိုကမ်းလှမ်းချက်မျိုးကို ရလာမှာမဟုတ်ပေ.

Tory က ဒူးထောက်လိုက်ကာ Lucius ရဲ့ လက်ဖမိုးကို နမ်းလိုက်သည်. သူမက သူ့ရဲ့နှုတ်ခမ်းတွေကို ဘယ်တော့မှ နမ်းရှိုက်ခွင့်မရှိတော့သလို သူ့လက်မောင်းတွေကြားမှာ အိပ်စက်ခွင့်လဲ မရှိတော့ပေမဲ့ သူမက စိတ်မပျက်သွားခဲ့ပေ. သူတို့ကြားမှာ အချစ်ဆိုတာ မရှိခဲ့တာကြောင့် Tory က အလုပ်သဘောအရ ဆက်ဆံရေးကို ပိုပြီး သဘောကျနေသည်.

Tory က သူမခင်ပွန်း မဟုတ်တော့တဲ့ ဧကရာဇ်ရဲ့လက်ကို သူမနဖူးပေါ် တင်လိုက်သည်. နောက်တော့ သူမက သည်းထန်စွာ ငိုကြွေးလာတော့သည်.

***

Lucius က Stra ကိုလဲ တူညီတဲ့ ကမ်းလှမ်းချက်မျိုး ပေးခဲ့ပေမဲ့ သူမက ငြင်းဆန်ခဲ့သည်. သူမက လုပ်အားပေးအကူအဖြစ် လုပ်ကိုင်ရတာကို ပိုသဘောကျနေပြီး ဘယ်တုန်းကမှ မတည်ရှိခဲ့ဖူးတဲ့ရာထူးနေရာကို ကိုင်တွယ်ဖို့မဖြစ်နိုင်ဘူးဆိုတာ သူမ သိနေသည်. ဒီရာထူးက လူတွေလက်ခံလာဖို့ အချိန်ကြာမှာဖြစ်တာကြောင့် သူမက မလိုချင်ခဲ့ပေ.

Emperor and the Knightness (Zawgyi) Book - 2Hikayelerin yaşadığı yer. Şimdi keşfedin