အခန်း ၃၀၃

51 4 0
                                    

အထက်တန်းလွှာအမျိုးသမီးတွေက သူတို့ရဲ့ကလေးတွေကို ကိုယ်တိုင်ပြုစုပျိုးထောင်တာမျိုးမရှိကြပေမဲ့ သူတို့က ကလေးတွေနားမှာ လုံးဝမနေပဲ နေလို့တော့မရပေ. နို့ထိန်းမိခင်တွေ ရှိနေတာတောင်မှပဲ ကလေးတွေက သူတို့မိခင်အရင်းကို မကြာခဏလိုအပ်ကြသည်. ဒါ့ကြောင့်ပဲ Poliana က သူမစိတ်ကြိုက်လွတ်လွတ်လပ်လပ်ထွက်သွားလို့ မရသေးပေ. သူမက Gerald နားမှာ အချိန်ပြည့်နီးပါး ရှိနေဖို့ လိုနေသည်.
ကလေးကို တစ်နာရီတစ်ခါ နို့တိုက်ရတာက ပင်ပန်းတဲ့အလုပ်ဖြစ်ပေမဲ့ ကလေးတစ်ယောက်က အသက်ရှင်ဖို့အတွက် ဒီပမာဏကတော့ စားသုံးဖို့လိုနေသည်. Poliana က ဒီအချက်ကို နားလည်ကာ သူမရဲ့တာဝန်တစ်ခုအဖြစ် ယူထားပေမဲ့ နို့တိုက်တာကလွဲလို့ တခြားဘာမှ မလုပ်သလို သူမကလေးအတွက် အချိန်လဲ မပေးခဲ့ပေ.

Poliana က Gerald နားမှာ ဘာမှထူးခြားမှုမရှိတဲ့ဟန်နဲ့ ဂရုမစိုက်ပဲနေနေတာကို Lucius က လျင်မြန်စွာနဲ့ သတိပြုမိသွားသည်. သူမအတွက် အလုပ်လုပ်ပေးနေကြတဲ့သူတွေက Poliana က အရမ်းအရေးပါတဲ့အထက်တန်းလွှာအမျိုးသမီးဖြစ်တာကြောင့် ဒီလိုပြုမူတာက ပုံမှန်ပဲလို့ ထင်နေကြပေမဲ့ ဧကရာဇ်ကတော့ ဒီလိုပြုမူတာကို မြင်ရတဲ့အတွက် ဝမ်းနည်းနေသည်. သူက Poliana က Gerald ကို နို့တိုက်ကျွေးနေတာကို သေချာစောင့်ကြည့်နေလိုက်သည်. ကလေးက သက်တောင့်သက်သာဖြစ်နေဖို့ကိုတော့ သူမက သေချာအောင်လုပ်ခဲ့ပေမဲ့ Gerald အပေါ်မှာ လေးနက်တဲ့ ချစ်ခြင်းမေတ္တာတွေ မပါဝင်ပေ.

"Sir Pol, မင်း Gerald ကို မွေးလိုက်ရလို့ မပျော်ဘူးမလား?"

ဒါက အံ့ဩစရာတော့မဟုတ်ပေ. ပြီးတော့ Gerald က မတော်တဆမှုတစ်ခုရဲ့ ရလဒ်ဖြစ်သည်. ထပ်ပြောရရင် ဒီမွေးကင်းစကလေးက Poliana ဘဝတစ်လျှောက်လုံး ကြိုးစားရှာဖွေခဲ့တာတွေကို လက်လွှတ်ဆုံးရှုံးသွားစေမဲ့ ဖိအားတစ်ခုဖြစ်နေသည်.

Lucius က မေးလိုက်သည်.

"ဒါပေမဲ့ မင်း ကလေးတွေကို သဘောကျတယ်လေ Pol"

"ကျွန်မ သဘောကျပါတယ်. ကျွန်မ သူတို့ကို စောင့်ကြည့်တာနဲ့ ချီရတာကိုလဲ သဘောကျတယ်"

Poliana က မင်းသမီး Luminae ကို မကြာခဏ ပျော်ရွှင်စွာနဲ့ ချီဖူး ပွေ့ဖက်ဖူးသည်. သူမက Vaxi နဲ့ Vanessa တို့ရဲ့ ကလေးတွေအတွက်လဲ လက်ဆောင်တွေကို မကြာခဏပို့ပေးတတ်သည်. Poliana က ကလေးတွေအပေါ် သဘောထားကြီးကာ ကြင်နာတတ်တယ်လို့ နာမည်ကြီးပေမဲ့ သူမရဲ့သားအရင်းကိုတော့ တစ်စက်လေးမှ ချစ်တဲ့ပုံ မပေါ်ပေ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now