အခန်း ၃၃၂

31 5 0
                                    

Poliana တွေ့ကြုံနေရတာတွေက ထူးဆန်းနေသည်. "ရှက်ရွံ့မိသလိုခံစားမိတယ်"ဆိုတဲ့ စကားလုံးက ရှင်းပြရခက်ခဲနေသည်. သူမက သူမကိုယ်သူမရှက်မိသလိုဖြစ်နေပေမဲ့ ဘာကြောင့်ဒီလိုဖြစ်နေတာလဲဆိုတာကိုတော့ Poliana နားမလည်နိုင်ပေ.

သူမက ပိုပြီးတော့ စိတ်မသက်မသာဖြစ်လာကာ အစားအသောက်ကို ပိုပြီးတော့ မြန်မြန်စားသောက်နေတော့သည်. သူမက တိုက်ပွဲဝင်နေရသလိုမျိုး အစားအသောက်တွေကို တိုက်ခိုက်ကာ အမြန်စားသောက်နေသည်. တည်ခင်းပေးထားတဲ့အစားအသောက်တွေက ထူးကဲကောင်းမွန်ပေမဲ့ ကံမကောင်းစွာနဲ့ Poliana ကတော့ အစားအသောက်တွေရဲ့ အရသာကို ဇိမ်ခံပြီး စားသုံးဖို့ မဖြစ်နိုင်တော့ပေ... ဒါပေမဲ့ သူမက ဂရုမစိုက်ပေ. ဒီအခြေအနေကနေ အမြန်ဆုံးလွတ်မြောက်နိုင်မဲ့နည်းလမ်းက စားနေတာကို မြန်မြန်လတ်စသတ်ကာ ထွက်သွားဖို့ပဲဖြစ်သည်.

Poliana က နောက်ထပ်လုံးဝမစားနိုင်တော့တဲ့အထိ ဆက်တိုက်စားနေလိုက်သည်. စားပွဲပေါ်မှာ အစားအသောက်တွေ အများကြီးကျန်နေသေးပေမဲ့ သူမအစာအိမ်က ထပ်ပြီး လက်မခံနိုင်တော့ပေ. Lucius က သူမရေခွက်ကို ရေဖြည့်ပေးကာ ပြောလိုက်သည်.

"အရမ်းမစားနဲ့နော် အစာမကြေဖြစ်လိမ့်မယ်. နောက်တစ်ခါကျရင် မင်းအတွက် ဒီ့ထက်ပိုကောင်းတာတွေ ချက်ခိုင်းလိုက်မယ်"

"အရှင့်ရဲ့တည်ခင်းမှုအတွက် ကျေးဇူးတင်ပါတယ်"

"အားမနာပါနဲ့. မင်းခရီးပန်းနေဦးမှာဆိုတော့ အိမ်ပြန်ပြီးတော့ နားလိုက်ရေ"

"အရှင့်ရဲ့ အမိန့်အတိုင်းပါပဲ အရှင်"

"ဒါက အမိန့်မဟုတ်ဘူး. ဒါက အကြံပြုချက်တစ်ခုပါ. အခုကစပြီးတော့ ငါမင်းကို ပြောသမျှတိုင်းက အမိန့်မဟုတ်ပဲ တောင်းဆိုချက်သာဖြစ်လိမ့်မယ်. ကျေးဇူးပြုပြီးတော့ ဒီအချက်ကို နားလည်ပေးပါကွာ"

"အရှင်... ဘာလို့လဲ? ဘာလို့ ကျွန်မကို ရွေးချယ်ခဲ့တာလဲ? အပြင်မှာ ကျွန်မထက်ပိုကောင်းတဲ့ မိန်းမတွေအများကြီးရှိတယ်လေ?"

"Pol.."

Lucius က သူမကို စိတ်ပျက်နေတဲ့အကြည့်နဲ့ ကြည့်လိုက်ပေမဲ့ Poliana က ဆက်ပြောလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Dove le storie prendono vita. Scoprilo ora