အခန်း ၂၅၈

49 5 2
                                    

"အဲ့ဒီတော့?"

"Master Frau က ကျွန်တော်တို့နယ်မြေပိုင်ရှင်ရဲ့ မိသားစုဝင်တစ်ယောက်ဆိုတော့ ခင်ဗျားဒီလိုလုပ်လို့မရဘူး..."

Poliana က ရွာသားကို စိုက်ကြည့်လိုက်တာကြောင့် သူက တစ်ချက်တွန့်သွားသည်. သူမက သူ့ကို ပြောလိုက်သည်.

"Duke Sneke ရော သူ့မိသားစုတွေရော မရှိတော့ဘူး. သူတို့က ဒီကို ပြန်မလာတော့ဘူး. တကယ်လို့ ဒီလူက မင်းရဲ့အရင်နယ်မြေပိုင်ရှင်နဲ့ ပတ်သက်နေလို့ မင်းစိုးရိမ်နေတယ်ဆိုရင် ငါက မင်းရဲ့နယ်မြေပိုင်ရှင်အသစ်ဖြစ်လာအောင် လုပ်လိုက်မယ်"

သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ရွာသားတွေက သူမဒီလိုလုပ်နိုင်ရဲ့လားလို့ မေးခွန်းထုတ်စရာမလိုတော့ပေ. သူမရဲ့အပြုအမူနဲ့ ပြောဆိုပုံတွေကို ကြည့်တာနဲ့ Poliana က အာဏာရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်မှန်း သိသာနေသည်. သူမက ဆက်ပြောလိုက်သည်.

"ငါက ကြီးကျယ်မြင့်မြတ်တဲ့ အရှင် Lucius ရဲ့ သစ္စာအရှိဆုံးစစ်သည် ဖြစ်တယ်. ငါက Marquess Winter ပဲ! ဒီလူက ငါ့နာမည်ကို အရှက်ရစေပြီးတော့ ငါ့ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တယ်! သူက ငါ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီးတော့ ငါ့အပေါ်ကို အမှားကြီးကျူးလွန်ခဲ့တယ်! အဆိုးဆုံးကတော့ သူဒီလိုလုပ်ခဲ့တာက အရှင့်ရဲ့နာမည်နဲ့ ဂုဏ်သတင်းကိုပါ ထိခိုက်စေခဲ့တာပဲ! ဒီပြစ်မှုကို အပြစ်မပေးလို့ မဖြစ်ဘူး! သူ့အသက်နဲ့ရင်းပြီးတော့ပဲ သူ့အပြစ်အတွက် ပေးဆပ်လို့ရမှာ! ဒါပေမဲ့ ဒီခွေးကောင်က ဘာကောင်မှ မဟုတ်ဘူး! သူက အထက်တန်းလွှာစစ်စစ် တစ်ယောက်တောင်မဟုတ်ဘူး! သူက စစ်သည်တစ်ယောက်မဟုတ်ဘူး! သူက ဘာကောင်မှ မဟုတ်ဘူး ဒါကြောင့် သူ့အသက်က ဘာတန်ဖိုးမှမရှိဘူး! သူ့ပြစ်မှုအတွက် သူ့အသက်နဲ့ ပေးဆပ်လို့မရဘူး ဒါကြောင့် ငါကိုယ်တိုင် သူ့ကို အပြစ်ပေးရတာပဲ!"

Poliana က သူမဘယ်သူလဲဆိုတာကို ဖော်ပြလိုက်တဲ့အတွက် ရွာသားတွေက သူမရှေ့မှာ ဒူးထောက်လိုက်ကြသည်. လူတိုင်းက နာမည်ကြီး Marquess အကြောင်းကို ကြားဖူးခဲ့ကြပြီး ဘယ်သူကမှ Poliana ကို သံသယမဖြစ်ကြတော့ပေ. အခြားအထက်တန်းလွှာတစ်ယောက်အဖြစ် ဟန်ဆောင်တာက ပြစ်မှုမြောက်သည်. ပြီးတော့ သူမရဲ့အပြုအမူတွေက Poliana က အဆင့်မြင့်အထက်တန်းလွှာတစ်ယောက်ဖြစ်တယ်ဆိုတာကို ဖော်ပြနေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now