အခန်း ၂၄၂

41 4 0
                                    

Poliana က Frau ကို ပြောလိုက်သည်.

"အရမ်းကို ရူးလောက်စရာကောင်းတဲ့ကိစ္စဖြစ်ခဲ့တယ်"

"ရူးလောက်စရာကောင်းတဲ့ကိစ္စ?!"

"ဟုတ်တယ်. လုံးဝထင်မှတ်မထားတဲ့ကိစ္စ"

Poliana က Frau ကို ကြည့်လိုက်သည်. အခု သူမစဉ်းစားကြည့်လိုက်တော့ Duke Sneke ကလဲ ဒီနေ့ည အဖမ်းခံခဲ့ရတဲ့ အထက်တန်းလွှာတွေထဲမှာ ပါဝင်နေတာကို သတိပြုမိလိုက်သည်.

'ဟမ်, Frau ကို မဖမ်းဖို့ ငါပြောရမယ်ထင်တယ်'

တော်ဝင်အစောင့်တွေက ရဲတိုက်အနှံ့မှာရှိနေတဲ့ အပြစ်ရှိတဲ့အထက်တန်းလွှာတွေနဲ့ သူတို့မိသားစုဝင်တွေကို လိုက်လံဖမ်းဆီးနေတာဖြစ်သည်. Frau ကို သူ့မိသားစုကနေ မောင်းထုတ်ထားပေမဲ့ သူ့နာမည်ကတော့ Frau Sneke ဖြစ်နေသေးသည်. သူ့ကို နောက်ပိုင်းကျရင် ပြန်လွှတ်လိုက်မှာဖြစ်ပေမဲ့ အဖမ်းခံရတယ်ဆိုတာက သူ့အတွက် ကောင်းတဲ့ကိစ္စမဟုတ်ပေ. Poliana က သူမခင်ပွန်းလောင်းအတွက် ဒီလောက်တော့ လုပ်ပေးနိုင်တဲ့ အာဏာရှိသည်.

'အာဏာရှိတာကောင်းလိုက်တာ'

သူမမှာ အာဏာမရှိတုန်းကတော့ သူမက အာဏာအလွဲသုံးစားလုပ်တဲ့သူတွေကို မုန်းတီးခဲ့ပြီး အခု သူမမှာ အာဏာရှိလာတော့ သူမက အာဏာရှိတာကို သဘောကျနေသည်.

Frau က သူမဒဏ်ရာကို သေချာချုပ်ပေးလိုက်သည်. သူက ထုံဆေးထိုးဖို့ ပြောခဲ့ပေမဲ့ သူမက ငြင်းပယ်ခဲ့သည်.

သူမရဲ့အာဏာက သူမရဲ့ ရာထူးနေရာကြောင့် ရတာလာဖြစ်ပြီး သူမက အလုပ်ကောင်းစွာလုပ်နေနိုင်သရွေ့ သူမအာဏာကို ထိန်းထားနိုင်မှာဖြစ်သည်. ဆေးကုသမှုခံယူပြီးရင် Poliana က ဒုတိယတပ်ဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့ လုပ်စရာတစ်ခုရှိနေသေးသည်.

Frau က ရေရွတ်လိုက်သည်.

"ခင်ဗျားဒဏ်ရာက အရမ်းမဆိုးတာတော်သေးတယ်."

သူက စိတ်ပူနေမှန်းသိသာနေပြီး အခုတော့ သူ့မျက်နှာက စိတ်သက်သာရာရသွားကြောင်း ဖော်ပြနေသည်.

"မင်းက ငါ့ကို စိတ်ပူနေတာလား?"

"ဟုတ်ကဲ့, ခင်ဗျားသေသွားရင် ကျွန်တော်ဘာဖြစ်သွားနိုင်မလဲဆိုပြီး စိတ်ပူနေတာ.. အို. ကျွန်တော် စကားမှားသွားလို့.... ကျွန်တော်မှားပြောမိသွားတယ်မလား? ကျွန်တော့်ပါးစပ်ကို ချုပ်ပစ်ရမလား?"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now