အခန်း ၂၀၈

38 1 0
                                    

Poliana က သူမကတိအတိုင်း အိမ်မှာပဲနေကာ သူမကိုယ်သူမ အပြစ်ပေးခဲ့သည်. သူမရဲ့ ရွှေကြိုးတပ်ဝတ်စုံကို ပြန်မအပ်ခဲ့ပေမဲ့ အလုပ်မသွားပဲ အိမ်ထဲမှာ တစ်လတိတိနေခဲ့သည်.

သူမရဲ့အပြစ်ပေးမှုနဲ့ပတ်သက်ပြီး Poliana က အရမ်းတင်းကြပ်ခဲ့သည်. ဒီကာလအတွင်းမှာ သူမအိမ်ကနေ ဘယ်မှ မသွားခဲ့ပေ. သူမရဲ့အိမ်ထဲမှာတောင်မှ သူမရဲ့အိပ်ခန်းနဲ့ စာကြည့်ခန်းမှာသာ နေခဲ့သည်. သူမက ဧည့်သည်တွေနဲ့ တွေ့ဖို့ ငြင်းဆန်ခဲ့သလို စာတွေကိုလဲ လက်မခံခဲ့ပေ. သူမဆီရောက်လာတဲ့လက်ဆောင်တွေကိုလဲ သူမက ချက်ချင်းပြန်ပို့ခဲ့သည်.

နေထွက်တာနဲ့ အိပ်ယာကထလာပြီး နေဝင်တာနဲ့ အိပ်ယာဝင်ခဲ့သည်. သူမက အသားကို နေ့လည်စာအဖြစ်သာ စားခဲ့ပြီး ဒီတစ်လလုံးမှာ ပေါင်မုန့်ကလွဲပြီး တခြားမစားခဲ့ပေ. သူမက ညပိုင်းတွေမှာ အရက်သောက်ပြီး ကျန်တဲ့အချိန်မှာတော့ ရေတစ်မျိုးပဲ သောက်ခဲ့သည်

တော်ဝင်ဓလေ့ထုံးတမ်းတွေကို လေ့လာဖတ်ရှုခဲ့ပြီး သူမဘဝတစ်လျှောက် သိမ်းဆည်းထားခဲ့တဲ့ မြေပုံတွေနဲ့ မြေပုံဖတ်နည်းတွေကို စုစည်းခဲ့သည်. Poliana က မြေပုံရေးဆွဲနည်းနဲ့ မြေပုံဖတ်နည်းတွေကို စာအုပ်တစ်အုပ်အဖြစ် ထုတ်ချင်နေခဲ့တာဖြစ်သည်.

Poliana က သူမကိုယ်သူမ အပြစ်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့နေ့မှာတော့ Lucius က သူမအနေနဲ့ ဒီလိုလုပ်ဖို့မလိုတဲ့အကြောင်း စာတစ်စောင်ပို့ခဲ့သည်. ဒါပေမဲ့ Poliana က စာပို့သမားနဲ့တွေ့ဖို့ ငြင်းဆန်ခဲ့တာကြောင့် ဒီစာက အသုံးမဝင်တော့ပေ.

တစ်လကြာပြီးတဲ့နောက်မှာတော့ Poliana Winter က ပိုပြီးတည်ငြိမ်တဲ့ဟန်ပန်နဲ့ ရဲတိုက်ကို ရောက်လာခဲ့သည်. သူမ မရှိတဲ့အချိန်အတွင်းမှာ Sir Ainno Seki က ဒုတိယတပ်ခွဲကို အုပ်ချုပ်နေခဲ့တာကြောင့် ကိုယ်ရံတော်တွေက သူတို့ခေါင်းဆောင်ကို တွေ့လိုက်တော့ ပျော်ရွှင်သွားကာ မျက်ရည်ဝဲလာကြသည်.

"ခေါင်းဆောင်!. ကျွန်တော်တို့ ခေါင်းဆောင်ကို အရမ်းလွမ်းနေခဲ့တာ!"

"Marquess Winter ကျွန်တော်တို့ကို ထပ်ပြီး ထားမသွားပါနဲ့နော်!"

"တကယ်လို့ ခေါင်းဆောင်ထွက်သွားမယ်ဆိုရင်လဲ ကျွန်တော်တို့ကို တတိယတပ်ခွဲခေါင်းဆောင်နဲ့သာ ထားခဲ့ပါနော်. ပထမတပ်ခွဲခေါင်းဆောင်နဲ့တော့ မထားခဲ့ပါနဲ့"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now