အခန်း ၂၆၉

47 5 0
                                    

သူတို့အခုပြောနေတဲ့စကားတွေက ဘယ်လောက်တောင် ရှက်စရာကောင်းပြီးတော့ မျက်နှာပူရမဲ့ စကားတွေလဲ...

Lucius ရဲ့မျက်နှာက အနီရောင်ပြောင်းလာသည်. Poliana ကလဲ သူမရဲ့ခန္ဓာကိုယ်က ပူလောင်လာတယ်လို့ ခံစားမိလိုက်သည်. သူမက မျက်နှာရဲလာတာကြောင့် သူမကိုယ်သူမ လက်နဲ့ မျက်နှာကို ယပ်ခပ်နေရသည်.

'ငါတို့ တကယ့်ကို အချိန်ကောင်းတွေရှိခဲ့တာပဲ.. အဲ့တာကကောင်းတယ်လို့တော့ ငါထင်သား... အရှင်လဲ သဘောကျတယ်ဆိုတာ သေချာတယ်...'

သူမက သူ့ကို တင်းကျပ်စွာနဲ့ ဖက်ထားခဲ့တာကို မှတ်မိနေသည်. ဧကရာဇ်ရဲ့ခန္ဓာကိုယ်က သူမကိုယ်ပေါ်မှာ အုပ်မိုးနေခဲ့တာကိုလဲ မှတ်မိနေသည်. တကယ်လို့ သူက အဲ့လိုဖြစ်နေတာတွေကို သဘောမကျဘူးဆိုရင် သူလုပ်ခဲ့မှာ မဟုတ်ဘူးလေ. ဟုတ်တယ်မလား? မနေ့ညကအကြောင်းကို စဉ်းစားမိတာနဲ့တင် သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ပူလောင်လာသည်. Poliana က ခေါင်းငုံ့သွားကာ တိတ်ဆိတ်သွားပြီး Lucius ကတော့ ဒီငြင်းခုန်မှုမှာ သူအနိုင်ရသွားပြီလို့ ယူဆလိုက်ကာ ဆက်ပြောလိုက်သည်.

"Pol, ဒါက မတော်တဆမှုတစ်ခုပဲ. ငါပြောချင်တာက အဲ့တာက မတော်တဆမှုတစ်ခုလို့ပဲ"

မနေ့ညက ဖြစ်ရပ်ကို မတော်တဆမှုတစ်ခုလို့ ပြောခဲ့တုန်းကတော့ သူက တကယ်အလေးအနက်နဲ့ပြောခဲ့တာ ဖြစ်သည်. သူ့စိတ်ကူးအိပ်မက်ထဲကအမျိုးသမီးနဲ့အတူ အရက်မူးပြီးတော့ အိပ်ခဲ့မိတာက... ဒီဖြစ်ရပ်ကို စဉ်းစားမိတိုင်း Lucius က ငိုချင်နေသည်. သူက ဘာတစ်ခုမှ မမှတ်မိတဲ့အတွက် ပိုဆိုးနေသေးသည်. တကယ်လို့ မှတ်မိခဲ့ရင်တော့ သူတာဝန်ယူမယ်ဆိုပြီးတော့ ဖိအားပေးပြောဆိုနိုင်မှာ ဖြစ်ပေမဲ့, မနေ့ညက ဘာတွေဖြစ်ခဲ့သလဲဆိုတာကို လုံးဝမမှတ်မိတဲ့အတွက် ဧကရာဇ်က ဘာတစ်ခုမှ ဖိအားပေး မပြောဆိုနိုင်ပေ.

ဒီအခြေအနေမှာ သူ့အနေနဲ့ တာဝန်ယူဖို့ကြိုးစားလိုက်မယ်ဆိုရင် Poliana က သူမကိုယ်သူမ သတ်သေသွားမှာ သေချာသည်. သူမက သူ့ကို မယုံကြည်တဲ့အပြင် သူမရဲ့ယုံကြည်မှုတွေကို ပိုထိခိုက်သွားစေနိုင်သည်. သူမက အထိမခံတဲ့ အခြေအနေမှာ ရှိနေပြီး မနေ့ညကအကြောင်းကို နောက်ရက်တွေကျမှ ဆွေးနွေးတာက အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်လိုက်သည်. အခုတော့ ရှေ့ဆက်သွားဖို့ အရေးကြီးနေသည်. ဧကရာဇ်က သူမကို ပြောလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now