အခန်း ၃၀၈

43 7 0
                                    

"ငါ ဒီလိုစဉ်းစားထားတာဟာ Donau. အရှင်နဲ့ ငါက Gerald ကို တရားဝင်သားဖြစ်အောင်လို့ လက်ထပ်တာဆိုတော့ နောက်ပြီးကျရင် ငါတို့ ကွာရှင်းပြီးတော့ ငါ့ဘာသာ Sitrin ကို တစ်ယောက်တည်း ပြန်လာမယ်. Geral ကိုတော့ Yapa ရဲတိုက်မှာပဲ ကြီးပြင်းပစေပေါ့"

ဒီဟာကို အကြံကောင်းလို့ Poliana က ထင်နေပေမဲ့ Donau ကတော့ မယုံကြည်နိုင်ဟန်နဲ့ ကြည့်လာသည်.

"အစ်မ ဒီလိုလုပ်လို့မရဘူး. Lady Stra က ကွာရှင်းခွင့်တောင်းဖို့ အကြောင်းပြချက်ကောင်းရှိတယ်. ဒါပေမဲ့ အစ်မကိစ္စကျတော့ မတူဘူးလေ. တကယ်လို့ အစ်မနဲ့ အရှင်နဲ့ကွာရှင်းလိုက်ရင် လူတွေ အတင်းတုပ်လို့ပြီးတော့မှာ မဟုတ်ဘူး. အစ်မတို့က ကလေးကြောင့် လက်ထပ်လိုက်တာလို့ ပြောကြမှာ"

"ဒါပေမဲ့.. ဒါက မှန်နေတာပဲလေ! ငါတို့သားကြောင့်သာ ငါတို့လက်ထပ်ရမှာလေ!"

"အစ်မ..."

"အားး!"

Poliana က သူမမျက်နှာကို အုပ်ကာ အော်လိုက်သည်. သူမမွေးစားမောင်ကို မပြောပြရသေးတာ တစ်ခုကျန်နေသေးသည်.

Lucius က သူမအပေါ်ထားရှိတဲ့ သူ့အချစ်တွေကို ဝန်ခံခဲ့တယ်ဆိုတဲ့အကြောင်း

သူက သူမကိုချစ်ခဲ့တယ်လို့ ပြောခဲ့တုန်းက ဧကရာဇ်က သူမကို သစ္စာဖောက်လိုက်သလိုမျိုး Poliana ခံစားခဲ့ရသည်. သူမက သူမဧကရာဇ်ကို နားလည်နေတာကြောင့် စိတ်ဆိုးစိတ်ပျက်ကာ ဝမ်းနည်းခဲ့ပြီး တခြားဘာခံစားချက်မှ မဖြစ်ခဲ့ပေ.

ဧကရာဇ်က Sitrin ကနေ ပြန်သွားပြီးတဲ့နောက်တော့ Poliana က ဒီအကြောင်းကို အများကြီးစဉ်းစားဖြစ်လိုက်သည်.

'အရှင်က ငါ့ကိုချစ်လာစရာအကြောင်းမှမရှိတာ. ငါ့ကို နှစ်သိမ့်ဖို့နဲ့ ငါ့ခံစားချက်တွေ ပိုကောင်းလာအောင်လို့ ပြောခဲ့တာပဲဖြစ်နိုင်တယ်'

ဒါက သူမ စဉ်းစားလို့ရသမျှ အကောင်းဆုံးအကြောင်းပြချက်ဖြစ်သည်. သူမကဆင်ခြေတစ်ခုပေးနေတာသာဖြစ်ပြီး သူမဘာတွေလုပ်နေလဲဆိုတာကို သတိမပြုမိပေ. ပထမတော့ သူမက ဧကရာဇ်ပြောခဲ့တဲ့စကားတွေကို သံသယဝင်ခဲ့သည်. Lucius က သူ့ရဲ့ထူးဆန်းတဲ့ဟာသတွေကလွဲရင် ပြီးပြည့်စုံတဲ့ ယောက်ျားတစ်ယောက်ဖြစ်တာကြောင့် သူ့လိုလူမျိုးတစ်ယောက်က သူမကို ဘာလို့ချစ်မိရမှာလဲ? သူမစဉ်းစားလေ ဒီအကြောင်းအရာက ဟန်ဆောင်မှုတစ်ခုဖြစ်နေတယ်ဆိုတာကို သူမက သေချာလာလေဖြစ်နေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now