အခန်း ၃၁၈

51 9 2
                                    

Poliana က Master Chail ကို မေးလိုက်သည်.

"အရှင်က အရမ်းအလုပ်များနေတယ်ထင်တယ်?"

"အရှင်က ခဏနေရင် Marquess Winter ကို တွေ့ခွင့်ပေးမှာပါ"

Poliana မှာ ရှိနေတဲ့ အထူးအခွင့်အရေးတစ်ခုက ဧကရာဇ်ရဲ့အခန်းထဲကို သူ့ခွင့်ပြုချက်တောင်းစရာမလိုပဲ ဝင်ခွင့်ရှိတာပဲဖြစ်သည်. ဒါပေမဲ့ တစ်ယောက်ယောက်က ဝင်ရောက်နှောင့်ယှက်တာက ဘယ်လောက်စိတ်ပျက်စရာကောင်းလဲဆိုတာကို သိနေတာကြောင့် ဧကရာဇ်က တိုင်းပြည်ရေးရာကိစ္စတွေနဲ့ အလုပ်များနေချိန်မှာ သူမက သူမရဲ့အာဏာကို အလွှဲသုံးစားမလုပ်ချင်ပေ.

သူတို့စောင့်နေတဲ့အချိန်အတွင်းမှာ Sir Donau က မေးလာသည်.

"အစ်မ, အစ်မတစ်ယောက်တည်းဝင်သွားမှာလား?"

"အင်း"

"ကျွန်တော် အစ်မနဲ့အတူ လိုက်ဝင်တာ ကောင်းမယ်လို့ ထင်တယ်"

"ဒါပေမဲ့ ဒါက ကိုယ်ရေးကိုယ်တာကိစ္စလေ"

"ဒါပေမဲ့ အစ်မ..."

Sir Donau က Poliana ကို ငုံ့ကြည့်ကာ ဆက်ပြောလိုက်သည်.

"ရှင်းရှင်းပြောရရင် အစ်မက ဧကရာဇ်ရဲ့ လွှမ်းမိုးမှုကို ဆန့်ကျင်နိုင်မှာ မဟုတ်ဘူး. သူက အရမ်းစကားပြောကောင်းတဲ့သူတစ်ယောက်. ဒါပေမဲ့ အစ်မကတော့ မဟုတ်ဘူးလေ. အစ်မက သူပြောတာတွေကို နားယောင်သွားမှာ စိုးတယ်"

"..."

"ဘာလို့လဲဆိုတော့ အစ်မက စကားပြောမကောင်းဘူးလေ"

Poliana က တစ်ချက်တွန့်သွားပြီး နီရဲနေတဲ့ မျက်နှာနဲ့ ပြန်ဖြေလိုက်သည်.

"ဒါပေမဲ့ ငါ.. ငါပြောချင်တာကို သေချာပြောနိုင်ပါသေးတယ်!"

သူမက စကားပြောမကောင်းတဲ့သူဆိုတာမှန်ပေမဲ့ လိုအပ်လာရင်တော့ သူမက ဘာပြဿနာမှမရှိပဲ လူတွေကို ဖြောင်းဖြပြောဆိုနိုင်သေးသည်. အရင်တုန်းကတော့ သူမက ဘာမှမဟုတ်တဲ့သူဖြစ်နေတာကြောင့် သူမအထက်လူကြီးတွေအရှေ့မှာ ပါးစပ်ပိတ်ကာနေခဲ့ရပေမဲ့ အခုကတော့ အဲ့လိုနေစရာမလိုတော့ပေ. သူမနားကလူတွေကသာ သူတို့ပါးစပ်ကို ပိတ်ပြီးနေရမှာဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now