အခန်း ၃၂၂

46 7 0
                                    

Yapa မှာ သူမ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး သူမမျက်နှာကို တိုက်ရိုက်ကြည့်ကာ ပြောဆိုရဲတဲ့သူ တစ်ယောက်မှ မရှိပေ. Duke Luzo ကတော့ ဒီလိုပြောဆိုဖို့ အခွင့်ရှိနိုင်ပေမဲ့ သူက စိတ်သဘောထားသိမ်မွေ့လွန်းတာကြောင့် ဒီလိုမျိုး ပြောဆိုလာမှာမဟုတ်ပေ. သူမထက် အသက်ကြီးပြီးတော့ သူမလိုမျိုး အာဏာရှိတဲ့တခြားအဆင့်မြင့်အထက်တန်းလွှာတွေကလဲ ဧကရာဇ်က သူမကို ဘယ်လောက်သဘောကျတယ်ဆိုတာကို သိနေတာကြောင့် သူတို့ကလဲ သူမရှေ့မှာ မကောင်းတဲ့စကားမျိုးပြောရဲမှာမဟုတ်ပေ. အကြီးအကဲတွေအားလုံးကို အကျဉ်းချပြီး နေရာကနေ ဖယ်ရှားခဲ့ပြီးတည်းက တခြားအထက်တန်းလွှာတွေက တိတ်ဆိတ်ငြိမ်သက်ကာ စကားနားထောင်လာကြသည်. အဲ့ဒီဖြစ်ရပ်ပြီးတည်းက ဧကရာဇ်ရဲ့အာဏာက ပိုမိုအားကောင်းလာခဲ့သည်.

ရဲတိုက်မှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးငယ်လေးတွေနဲ့ အကူတွေက Poliana ကို မြင်လိုက်တော့ သူတို့က သူမနားကို စိတ်လှုပ်ရှားစွာနဲ့ ဝန်းရံလာကြသည်.

"အခု အလုပ်ပြန်တက်တော့မှာလားဟင်?"

"မတက်သေးဘူး. ငါ အခုထိ အားလပ်ရက်ယူထားတုန်းပဲရှိသေးတယ်"

အကူတွေက ကောလဟာလတွေက အမှန်ပဲလားဆိုတာ သိချင်နေတာဖြစ်ပေမဲ့ ဘယ်သူကမှ ပေါ်တင်ထုတ်မမေးရဲကြပေ. သူတို့က မောင်းမဆောင်ဘက်ကို သွားနေတဲ့ Poliana နောက်ကိုသာ လိုက်သွားကြသည်. ဒီနေ့အတွက် သူမရဲ့အစီအစဉ်က မင်းသမီး Luminae ဆီကို အရင်သွားပြီးနောက် Tory နဲ့ Stra ဆီကို သွားလည်မှာဖြစ်သည်. တကယ်လို့ သူမ အချိန်ထပ်ရမယ်ဆိုရင်တော့ Poliana က Rebecca ဆီကိုလဲ သွားလည်ချင်သေးသည်.

မောင်းမဆောင်နားကို ရောက်လာတော့ အကူတွေက တုန့်ဆိုင်းလာသည်. သူတို့က သူတို့အလုပ်နေရာကနေ ဝေးတဲ့နေရာကို ရောက်နေတာကြောင့် မကြာခင်မှာ သူတို့အလုပ်လုပ်တဲ့နေရာကို ပြန်သွားရတော့မှာဖြစ်သည်. တကယ်လို့ သူတို့က အခု မမေးခဲ့ရင် သူတို့မှာ နောက်ထပ်အခွင့်အရေးရှိလာမှာ မဟုတ်တော့ပေ!

အကူတွေက စဉ်းစားနေတုန်းမှာ အထိန်းတော်ချုပ်က ရုတ်တရက် ထွက်ပေါ်လာသည်. အထိန်းတော်ချုပ်ကို မြင်လိုက်ရတဲ့ အကူတွေက အလျင်အမြန်ထွက်သွားကြသည်. Poliana က အထိန်းတော်ချုပ်ကို နှုတ်ဆက်လိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now