အခန်း ၃၂၃

59 8 0
                                    

သူမ Yapa ကို သွားနေတဲ့လမ်းခရီးမှာ Poliana က Gerald အတွက် တစ်ခါလေးမှ စိတ်မပူခဲ့ပေမဲ့ သူမက အပြစ်ရှိသလိုတော့ ခံစားခဲ့ရသည်.

'ငါ Sitrin ကို ပြန်ရောက်ရင်တော့ သူ့ကို နည်းနည်းပိုပြီး ကောင်းကောင်းဆက်ဆံမှပါ'

Gerald နဲ့ မင်းသမီး Luminae တို့နှစ်ယောက်လုံးကို အကောင်းမွန်ဆုံးအနေအထားနဲ့ ပြုစုပျိုးထောင်ထားသည်. တခုတည်းသော ခြားနားချက်ဆိုလို့ Lucius က သူ့သမီးကို ချစ်ခင်မြတ်နိုးနေချိန်မှာ Poliana ကတော့ မိဘတစ်ယောက်အနေနဲ့ တာဝန်အရ ကြည့်ရှုစောင့်ရှောက်ပေးနေတာပဲ ဖြစ်သည်. သူမက Gerald ကို Yapa ထိခေါ်လာပြီး သူ့ကို ဒီမှာထားခဲ့ဖို့တောင် စိတ်ကူးခဲ့သေးသည်. သူမက ရက်စက်လွန်းနေတယ်ဆိုတာကိုတော့ သူမ သိနေသည်.

'ဒါပေမဲ့ ငါက မင်းသမီးလေးကို ပိုသဘောမကျပဲတော့မနေနိုင်ဘူး.. မင်းသမီးလေးက ငါ့သားအရင်းလိုမျိုး ငါ့ဘဝကို ဒုက္ခရောက်စေခဲ့တာမှ မဟုတ်တာ'

တကယ်လို့ သူမဆီမှာ ကိုယ်ဝန်သာရှိမလာခဲ့ရင် ဒီလိုကိစ္စမျိုးက ဘယ်တော့မှ ဖြစ်လာခဲ့မှာ မဟုတ်ပေ!

Poliana က အသက်ပြင်းပြင်းရှူလိုက်ကာ ရုတ်တရက်ပေါက်ကွဲတော့မလိုဖြစ်လာတဲ့ သူမဒေါသတွေကို ထိန်းချုပ်လိုက်သည်. သူမက ကြင်နာတဲ့အပြုံးတစ်ခုနဲ့ မင်းသမီး Luminae ကို ချော့မြူနေပြီး နောက်ဆုံးမှာတော့ ကလေးမလေးက ဆူပုတ်ကာ သူမကို လွှတ်ပေးလိုက်သည်.


ကလေးထိန်းတွေက Poliana ကို ပြောလိုက်သည်.

"မင်းသမီးလေးက Marquess Winter ကို အရမ်းသဘောကျတာပဲ. ရှင် သူမအမေဖြစ်လာတာနဲ့ သူမက ရှင့်ကို ပိုပြီးတော့တောင် သဘောကျလာဦးမှာ"

"ဟုတ်တယ်. အရှင့်သမီးတော်လေးက ရှင့်ကို ချစ်တယ်လေ. သူမက အမေအသစ်ရလိုက်တာနဲ့ အပျော်ရွှင်ဆုံးမင်းသမီးလေးဖြစ်လာမှာ"

'သူတို့က ဘာလို့ဒီလောက်အားကြိုးမာန်တက်ဖြစ်နေရတာလဲ?'

ကလေးထိန်းတွေနဲ့ အကူတွေက သူမကို အရေးပေးဆက်ဆံနေတာကြောင့် Poliana အတွက် စဉ်းစားစရာဖြစ်လာသည်. ခဏကြာတော့ Poliana က အဖြေရလိုက်သည်. ဧကရာဇ်ကြုံရာရွေးလိုက်တဲ့ အမျိုးသမီးတစ်ယောက်ယောက်ထက်စာရင် သူမက မင်းသမီးအပေါ်မှာ ပိုပြီးတော့ ဂရုစိုက်ကာ ချစ်ခင်မြတ်နိုးပေးနိုင်သည်. ဒါကြောင့် မင်းသမီးဆီမှာ အမှုထမ်းနေကြတဲ့ အမျိုးသမီးတွေက ဒီအခြေအနေကို ပိုပြီးသဘောကျတာဖြစ်နိုင်သည်. ဘာကြောင့်ပဲဖြစ်ဖြစ် ဒီအခြေအနေက Poliana ကို ပိုပြီး စိတ်ဖိစီးလာစေသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now