အခန်း ၃၀၄

49 5 0
                                    

Lucius က Poliana ရော Gerald ကိုပါ ခေါ်ကာ Yapa ကို ချက်ချင်းပြန်သွားချင်နေသည်. ကံမကောင်းစွာနဲ့ ဧကရာဇ်က တိုင်းခန်းလှည့်လည်နေဆဲဖြစ်ကာ Gerald ကလဲ ခရီးသွားဖို့အတွက် ငယ်လွန်းနေသေးသည်.
Poliana က စိတ်ရောကိုယ်ပါ ပြန်မကောင်းလာမချင်း ဒီကိစ္စကို လျှို့ဝှက်ထားဖို့ ဆုံးဖြတ်ခဲ့သည်. သူမရဲ့ဂုဏ်သတင်းအတွက် သူတို့ချက်ချင်းလက်ထပ်လိုက်တာက အကောင်းဆုံးဖြစ်ပေမဲ့ Poliana က တွန့်ဆုတ်နေသေးသည်. သူမက ခံစားချက်တွေ ပြင်းထန်နေဆဲဖြစ်သည်. သူမရဲ့အတွေးတွေက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေသည်. Lucius က ဘယ်လိုလုပ်ရမလဲ မသိတော့ချိန်မှာ သူမရဲ့အလုပ်သမားတွေကတော့ ထူးမခြားနားဖြစ်နေသည်. သူမရဲ့ ဟော်မုန်းတွေကြောင့် သူမရဲ့စိတ်ခံစားချက်တွေကို ထိန်းချုပ်ရာမှာ ခက်ခဲနေတယ်လို့သာ ထင်နေကြပြီး သူမ နို့တိုက်တာကို ရပ်လိုက်တာနဲ့ Poliana ရဲ့ခံစားချက်တွေက ပိုကောင်းသွားမယ်လို့ ယူဆလိုက်သည်.

Sir Ainno က Poliana ကို တွေ့လိုက်တာနဲ့ သူမကို စိုက်ကြည့်နေလိုက်သည်. သူမက ဧကရာဇ်ရဲ့အချစ်ကို ငြင်းဆန်ရဲတယ်? Poliana က သူ့ဒေါသတွေကို လစ်လျှူရှုလိုက်သည်. သူမက ကလေးမွေးထားတာမကြာသေးဘူးဆိုတော့ သူက သူမကို ဘာလုပ်နိုင်မှာမို့လို့လဲ? အနည်းဆုံးတော့ သူမ ပြန်မကောင်းမချင်း သူမအပေါ်ကို လက်တစ်ချောင်းတောင် တင်လို့မရပေ.

ဒါပေမဲ့ Poliana က တခြားကိစ္စအတွက် Sir Ainno ကို တောင်းပန်ဖို့ လိုနေသည်. သူမက သူ့ကို ပြောလိုက်သည်.

"ရှင့်မင်္ဂလာဆောင်ကို မတက်နိုင်လို့ စိတ်မကောင်းပါဘူး. မင်္ဂလာလက်ဖွဲ့မပေးဖြစ်လို့လဲ တောင်းပန်ပါတယ်"

"ကိစ္စမရှိပါဘူး.. Cekel ကို မင်းလက်ထပ်ပွဲအတွက် ပြင်ထားတဲ့ပစ္စည်းတွေပေးလိုက်တာက လိုအပ်တာထက်တောင် ပိုနေသေးတယ်လို့ ပြောနေကြတာ"

"Lady Seki ရော အဆင်ပြေလား?"

"သူမက တော်ဝင်အထိန်းတော်ချုပ်ဖြစ်နေပြီ"

မထင်မှတ်ထားတဲ့ သတင်းကြောင့် Poliana က အံ့ဩသွားသည်. Sir Ainno နဲ့ သူ့ခေါင်းမာမှုကို သိနေတာကြောင့် သူက Cekel ကို အလုပ်ကနေ အနားယူခိုင်းမယ်လို့ ထင်ထားခဲ့သည်. အဆင့်မြင့်အထက်တန်းလွှာအမျိုးသမီးတစ်ယောက်က တော်ဝင်အထိန်းတော်အနေနဲ့ဆိုရင်တောင် အလုပ်လုပ်စရာမလိုဘူးလို့ ယုံကြည်ထားသူဖြစ်သည်. တစ်ခါတစ်လေမှာ ဩဇာရှိတဲ့အမျိုးသမီးတွေက သူတို့ဂုဏ်သတင်းပိုကောင်းအောင်လို့ တော်ဝင်မျိုးနွယ်တွေဆီမှာ အကူအဖြစ် လုပ်အားပေးတတ်ကြပေမဲ့ Sir Ainno ကတော့ စစ်မှန်တဲ့အာဏာရှိအထက်တန်းလွှာ အမျိုးသမီးတစ်ယောက်အနေနဲ့ အသိအမှတ်ပြုခံရဖို့အတွက် ဒီလိုအလုပ်မျိုး လုပ်စရာမလိုဘူးလို့ ခုခံပြောဆိုခဲ့သည်. သူထောက်ပြတာက မှန်ကန်ပေမဲ့ လူတွေက သူ့ရဲ့မာနကြီးမှုကို မုန်းတီးနေကြသေးသည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now