အခန်း ၃၄၇

33 2 0
                                    

တကယ်လို့ ဧကရာဇ်ကသာ သူမကို တစ်ယောက်တည်းလွှတ်ထားလိုက်ရင် Poliana က သူမကိုယ်သူမ ဟန်ချက်ပြန်ထိန်းကာ အဆင်ပြေပြေ မတ်တပ်ရပ်သွားနိုင်မှာဖြစ်ပေမဲ့ Lucius က သူမကို ကူညီဖို့ ကြိုးစားခဲ့ကာ ဒီလိုကူညီမှုက သူမကို အံ့ဩသွားစေခဲ့တာထက် ဘာမှအကူအညီမရခဲ့ပေ. Poliana က ဒီအချက်ကို ထောက်ပြဖို့ စဉ်းစားလိုက်ပေမဲ့ သူမပါးစပ်ကို ပိတ်ထားလိုက်သည်.

ကြယ်တွေအပြည့်နဲ့ ကောင်းကင်အောက်မှာ Lucius ရဲ့ မျက်နှာက သူမနဲ့ ပိုပြီးနီးကပ်လာသည်. သူက သူမရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ တခြားလက်တစ်ဖက်ကတော့ သူမရဲ့လည်ပင်းနောက်ကို အသာထိန်းပေးထားသည်.

Poliana က ရုတ်တရက်တွေးမိသွားသည်.

'ငါတော့ ပိတ်မိနေပြီ'

သူက သူမကို နမ်းတော့မှာပဲလို့ ထင်မိလိုက်ပေမဲ့ Lucius က သူမကို လွှတ်ပေးလိုက်သည်. သူမက လွတ်လပ်သွားပေမဲ့ သူမနှလုံးသားကတော့ ပြင်းထန်စွာ ခုန်ပေါက်နေဆဲဖြစ်သည်.

Badum. Badum..

ဧကရာဇ်က သူမကို ပြောလိုက်သည်.

"ဘာမှမဖြစ်လို့ တော်သေးတယ်. မင်း ပိုပြီး သတိထားဖို့ လိုတယ်"

သူက သူမကို အခွင့်မရှိပဲ ထိတွေ့မိတဲ့အတွက် တောင်းပန်လိုက်သည်. သူက လူကြီးလူကောင်းပီသစွာ ပြုမူနေပေမဲ့ Poliana က စကားမပြန်တာကြောင့် သူက စိတ်မသက်မသာဖြစ်လာသည်.

'သူမ စိတ်ဆိုးသွားတာလား?'

Lucius က စိတ်လှုပ်ရှားစွာနဲ့ သူမကို ကြည့်လိုက်ပြီး သူမ ဘာတွေစဉ်းစားနေတာဖြစ်နိုင်မလဲဆိုတာကို အဖြေရှာဖို့ ကြိုးစားနေသည်. သူမက ပြုံးနေတာလဲမဟုတ် ငိုနေတာလဲ မဟုတ်တဲ့အတွက် အဖြေရဖို့ ခဲယဉ်းနေသည်. သူမက စိတ်ဆိုးနေတဲ့ပုံစံလဲ မပေါ်ပေ. Poliana က အံ့ဩနေပုံရပေမဲ့ သူက သူမကို ရုတ်တရက် ဖက်လိုက်လို့လား ဒါမှမဟုတ် သူမက လဲကျတော့မလို ဖြစ်သွားခဲ့လို့လား ဆိုတာကိုတော့ ဧကရာဇ် မပြောတတ်ပေ.

"Sir Pol, ငါ အခုစဉ်းစားကြည့်လိုက်တော့မှ ငါလဲ ဒီလိုမျိုး ဖြစ်ဖူးသေးတယ်. အဲ့တုန်းက ငါ နှလုံးရပ်သွားတော့မယ်လို့တောင် ထင်ခဲ့မိတာ. ငါ သေသွားတော့မယ်လို့ ထင်လိုက်တာ. မင်းက ငါ့ကို လုပ်ကြံသူတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ ကြိုးစားခဲ့တာဆိုပေမဲ့ မင်းက ငါ့ကို သတ်မိတော့မလို့လေ"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now