အခန်း ၂၄၀

36 3 0
                                    

ပထမ,ဒုတိယနဲ့ တတိယတပ်ဖွဲ့က စစ်သည်အချို့ကို ရွေးချယ်ကာ Acreia ကို စေလွှတ်လိုက်သည်. သူတို့က Acreian အထက်တန်းလွှာတွေရဲ့ ပြစ်မှုတွေအတွက် သက်သေတွေကို စုဆောင်းရမှာဖြစ်သည်. Sir Mahogal နဲ့ Sir Jainno တို့က ဒီအဖွဲ့ကို ဦးဆောင်သွားကြသည်. နှစ်ယောက်လုံးက အာဏာရှိ Acreian အထက်တန်းလွှာမိသားစုကဖြစ်တာကြောင့် သူတို့က အထက်တန်းလွှာတွေရဲ့ စာကြည့်ခန်းအနေအထားတွေကို ရင်းနှီးကျွမ်းဝင်ကြသည်.

တစ်ချို့ကတော့ Acreia က လူတွေက ပုန်ကန်မှာစိုးတာကြောင့် စစ်သားတစ်ချို့ကို လွှတ်သင့်ကြောင်း ပြောလာပေမဲ့ Lucius ကတော့ စစ်သားတွေလွှတ်ဖို့ မလိုအပ်ဘူးလို့ ဆုံးဖြတ်ခဲ့သည်. ဘာလို့လဲဆိုတော့ ပုန်ကန်မှုကို ခေါင်းဆောင်နိုင်တဲ့ အထက်တန်းလွှာတွေက Yapa ရဲတိုက်ထဲက အချုပ်ခန်းတွေထဲမှာ ရှိနေကြလို့ဖြစ်သည်.

အကြီးအကဲတွေနဲ့ တစ်ချို့သောအဆင့်မြင့်အထက်တန်းလွှာတွေက ကိုယ်ပိုင်စစ်တပ်တွေကို တရားမဝင်ဖွဲ့စည်းထားပေမဲ့ ဒီစစ်သားတွေက သူတို့သခင်တွေကို သစ္စာရှိလား ဒါမှမဟုတ် သူတို့က လူစုကွဲကုန်မလား. ဒီစစ်သားတွေက သူ့ကို ဆန့်ကျင်မှာမဟုတ်ဘူးလို့ Lucius က အလောင်းအစားလုပ်လိုက်သည်. ပြီးတော့ သူတို့ကို ဦးဆောင်ရမဲ့ သူတို့ကို လစာပေးမဲ့လူတွေအားလုံးက အကျဉ်းကျနေပြီ ဖြစ်သည်. တကယ်တော့ ဧကရာဇ်က ဒီစစ်တပ်တွေရဲ့ခေါင်းဆောင်တွေနဲ့တွေ့ကာ မေးခဲ့သည်.

"မင်းတို့ တကယ်ပဲ ငါ့ကို ဆန့်ကျင်ကြမှာလား?"

စစ်သားတွေက စစ်ကို စတင်ဖို့ စိတ်မဝင်စားကြပေ. Lady Tory ရဲ့ စွဲချက်က သူမ ထင်ထားတာထက် ပိုပြီးပြင်းထန်နေသည်. အကြီးအကဲအများစုက သူတို့အပြစ်တွေကို ဝန်ခံလာကြသည်. Sir Bentier က အကြီးအကဲတွေဘက်မှာ ဆက်ပြီးတော့ ရပ်တည်ဟန်ဆောင်နေခဲ့သည်. တကယ်တော့ Sir Bentier က အကြီးအကဲတွေနဲ့ အထက်တန်းလွှာတွေကို သူတို့အပြစ်တွေဝန်ခံလာအောင် ခြောက်လှန့်နေခဲ့တာ ဖြစ်သည်. Sir Bentier က နယ်မြေသိမ်းတိုက်ပွဲအတွင်း ဖြစ်ပျက်ခဲ့တာတွေကို သူတို့ကို ပြောပြလိုက်သည်. Lucius ကို ဆန့်ကျင်တဲ့ တော်ဝင်မျိုးနွယ်တွေနဲ့ အထက်တန်းလွှာတွေက ပြင်းထန်စွာအပြစ်ပေးခြင်း ခံခဲ့ရသည်. Sir Bentier က ပြောလိုက်သည်

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now