အခန်း ၂၃၅

33 3 0
                                    

Lady Tory အနေနဲ့ ရေခဲဝိုင်ကို Lady Stra ကို ဒီအတိုင်း ပေးသောက်လိုက်သင့်သည်. ဒီပုလင်းထဲမှာရှိနေတဲ့ အဆိပ်က အရမ်းပြင်းထန်မှာမဟုတ်ဘူးလို့ Tory က တွက်ဆခဲ့သည်. ဘာလို့လဲဆိုတော့ ဒီဝိုင်သောက်ပြီးတာနဲ့ Stra က သေသွားခဲ့ရင် Marquis Seeze က တရားခံဖြစ်တယ်ဆိုတာ အရမ်းသိသာသွားနိုင်သည်. အဲ့တာက အမျိုးသမီးတွေအတွက်သာ အန္တာရယ်ရှိတဲ့အရာမျိုး ဒါမှမဟုတ် တခြားအစားအသောက်နဲ့ ပေါင်းမိသွားမှသာ ရောဂါတစ်ခုခုဖြစ်သွားစေနိုင်တဲ့အရာမျိုးလောက်သာ ဖြစ်နိုင်သည်.

Tory က သူမကို ဘယ်တော့မှ အပြစ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ သိနေပေမဲ့ သူမက Stra ကို ဘာထိခိုက်မှုမှ မဖြစ်စေချင်ပေ. Stra က အရမ်းကြင်နာတတ်ပြီး Rebecca ကလဲ ထူးဆန်းတဲ့သူဖြစ်နိုင်ပေမဲ့ သူမကလဲ ရိုးသားဖြောင့်မတ်တဲ့သူဖြစ်သည်. ဒီအချိန်မှာ သူမကို ရူးသွပ်နေတဲ့ဇနီးအဖြစ် သတ်မှတ်ပြီးတော့ ကွပ်မျက်ခံလိုက်ရရင်လဲ Tory က ဂရုမစိုက်ပေ. သူမလိုချင်တာက Stra ဘေးကင်းဖို့ ဖြစ်သည်. သူမက Stra အဆိပ်မိမှာ မလိုချင်ပေ.

ဒါက Stra အတွက်ဖြစ်သလို သူမကိုယ်တိုင်အတွက်လဲဖြစ်သည်.

ဒါကြောင့်ပဲ သူမက ဒီတိုက်ပွဲကို စတင်ဖို့ ဆုံးဖြတ်ခဲ့ကာ တစ်ယောက်တည်း တိုက်ပွဲဝင်ခဲ့သည်.

Tory က သူမရဲ့ ဒုတိယအစီအစဉ်ကို သွားဖို့ ဆုံးဖြတ်လိုက်သည်. သူမက ဧကရာဇ်ကို ပြောလိုက်သည်.

"အဲ့တာ အမှန်ပါပဲ အရှင်. ကျွန်မက မနာလိုမှုကြောင့် ရူးသွပ်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ. ကျွန်မက Marquis Seeze ရဲ့ကျေးဇူးတွေကို မှားယွင်းတဲ့စွပ်စွဲချက်တွေနဲ့ ကျေးဇူးပြန်ဆပ်မိသွားတယ်. Marquis Seeze က အပြစ်မရှိပါဘူး"

သူမရဲ့ ရုတ်တရက်ပြောင်းလဲသွားတဲ့လေသံကြောင့် လူတွေက အံ့ဩသွားသည်. Lucius က စိတ်ပျက်သွားတာကြောင့် ပိုပြီးတော့ တင်းမာသွားသည်. တစ်ခုခုပိုပြီးကြီးမားတာ ဖြစ်လာတော့မယ်လို့ သူ့မသိစိတ်က ပြောနေသည်. သူအချိန်ဆွဲထားခဲ့တဲ့ မြွေဖမ်းပွဲက စတင်လာတော့မည်. အဲ့တာက မြွေအိုကြီးတွေ ပြုစုပျိုးထောင်ခဲ့တဲ့ မြွေအသေးလေးကြောင့် စတင်လာတော့မည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now