အခန်း ၂၇၇

43 4 0
                                    

ဒီလိုဖြစ်ရပ်မျိုးက နေ့စဉ်ဆက်တိုက်ဖြစ်ပေါ်နေသည်. Poliana က ပထမတပ်ဖွဲ့ရဲ့ ပြင်းထန်တဲ့လေ့ကျင့်ရေးတွေမှာ နေ့စဉ်ပါဝင်နေပြီး သူမက အစားအသောက်တွေလဲ အများကြီး စားခဲ့သည်. သူမ အိမ်ပြန်ရောက်ရင်တော့ သူမက အိပ်ယာပေါ် ချက်ချင်းလှဲကာ အိပ်မောကျသွားတတ်သည်.

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ပြီးရင် ရုပ်ပိုင်းဆိုင်ရာအကျိုးရလဒ်တွေရဖို့အတွက် အပြည့်အဝအနားယူသင့်တာက လူသိများတဲ့အချက်ဖြစ်သည်. ဒါပေမဲ့ Poliana ကတော့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ မရလာခဲ့ပေ. သူမက သူမရဲ့စိတ်ဓါတ်မာကြောလာဖို့သာ လေ့ကျင့်ခဲ့တာဖြစ်ပြီး သူမက သေချာလုပ်ခဲ့တယ်လို့ မယူဆနိုင်သေးပေ.

Marquess အိမ်တော်က အကူတွေက သူတို့ရဲ့သခင်မအတွက် စိတ်ပူလာကြသည်. Poliana က အမျိုးသားစစ်သည်တွေလိုမျိုး စားသောက်နေပေမဲ့ Marquess Winter က ပိန်ပါးလွန်းနေသည်. သူမက အလေးချိန်လဲ မတိုးလာပေ. အကူတွေက သူတို့စိတ်ပူနေတာကို ပြောပြလိုက်တော့ Poliana က သူမအဆင်ပြေတဲ့အကြောင်း သေချာပြောပြလိုက်သည်. သူမက ကြွက်သားတွေ ရလာဖို့ ကြိုးစားနေတာကြောင့် Poliana က ကိုယ်အလေးချိန်တိုးလာဖို့ လိုနေသည်. ဒါပေမဲ့ အကူတွေက သူမကိုယ်ပေါ်မှာ ကြွက်သားတွေတိုးလာတာကို မြင်ချင်တာမဟုတ်ပဲ သူမကို အနည်းငယ်ပြည့်ဝလာစေချင်တာ ဖြစ်သည်.

Poliana က သူမရဲ့လေ့ကျင့်ခန်းတွေနဲ့ ရလဒ်တွေကို မှတ်တမ်းတင်ထားသည်. သူမရဲ့လေ့ကျင့်ရေးတွေက တိုးတက်လာတာကိုတွေ့လိုက်တော့ သူမပျော်ရွှင်သွားသည်. သူမ လေ့ကျင့်ရေးစလုပ်တဲ့ အစောပိုင်းနေ့တွေမှာတော့ သူမက လမ်းမလျှောက်နိုင်တော့တာကြောင့် Poliana အိမ်ပြန်နိုင်ဖို့ Sir Beke ဒါမှမဟုတ် တခြားစစ်သည်တွေက ကူညီခဲ့ရသည်. ဒါပေမဲ့ မနေ့ကစပြီးတော့ သူမက ကိုယ်တိုင် မြင်းစီးကာ အိမ်ပြန်နိုင်ခဲ့သည်.

သူမက ဘာပဲဖြစ်ဖြစ် လုပ်လာနိုင်တယ်လို့ ခံစားလိုက်ရသည်. Poliana က သူမကိုယ်သူမ ကျေနပ်နေပြီး Sir Ainno က သူမကို ပြောလာသည်.

"မင်းဒီလိုဆက်လုပ်နေမယ်ဆိုရင် မင်းသေသွားလိမ့်မယ်"

သူမဘာဖြစ်သွားမလဲဆိုတာကို Sir Ainno က ဂရုမစိုက်ပေမဲ့ သူ့ရဲ့ပြင်းထန်တဲ့လေ့ကျင့်ရေးတွေကြောင့် သူမ တစ်ခုခုထိခိုက်မိရင် Lucius က သူ့ကို အဆုံးမသတ်နိုင်အောင် ဆူပူပြောဆိုလာမှာ ကိုတော့ Sir Ainno သိနေသည်. Sir Ainno က Poliana ကိုပြောလိုက်သည်

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now