အခန်း ၂၇၈

39 4 0
                                    

Poliana ရဲ့ Sir Batre နဲ့ပတ်သက်တဲ့ အိပ်မက်ဆိုးတွေက သူ့နာရေးသတင်းကြားပြီးတဲ့နောက်မှာ ပျောက်ကွယ်သွားခဲ့သည်. အမည်မသိတဲ့ယောက်ျားတစ်ယောက်က အလောင်းရဲ့စအိုကို လှံနဲ့ ထိုးသွားခဲ့တယ်ဆိုတဲ့ ကောလဟာလက သူမစိတ်ကို တည်ငြိမ်သွားစေနိုင်ခဲ့သည်. သူမက သူနဲ့ပတ်သတ်ပြီးတော့ မကောင်းတဲ့ခံစားချက်တွေနဲ့ ဖြစ်ရပ်တွေကို မစဉ်းစားမိတော့ပေ.

ဒါပေမဲ့ အခုတော့...

Poliana က Lucius နဲ့ အချိန်ကုန်ဆုံးခဲ့ရတဲ့ ညကို ပြန်လည်တွေးမိနေသည်. သူမရဲ့ပေါင်တွေနဲ့ သူ့ကို ဘယ်လိုရစ်ပတ်ခဲ့တာ... သူ့ရဲ့နူးညံ့တဲ့အသားအရေကို ထိတွေ့ခဲ့ရတာ... သူ့ရဲ့ ရင်ဘတ်ကို အရှက်မရှိ ပွတ်သပ်နေခဲ့မိတာ... သူမက ဒီမှတ်ဉာဏ်တွေကို မမေ့ပစ်နိုင်ပေ.

'ငါ စိတ်လွတ်သွားပြီပဲ'

သူမက အပြစ်ပေးခံသင့်တယ်လို့ Poliana က ယုံကြည်ခဲ့သည်. သူမရဲ့ပြစ်မှုအတွက် သင့်လျော်တဲ့ပြစ်ဒဏ်က သေဒဏ်ဖြစ်တယ်လို့ သူမ ယုံကြည်ခဲ့သည်. Frau က သူမကို လိမ်လည်ကာ လက်ထပ်ဖို့ ကြိုးစားခဲ့တာဖြစ်ပေမဲ့ သူ့ရဲ့ပြစ်မှုက သူမအနေနဲ့ ဧကရာဇ်အပေါ် ကျူးလွန်ခဲ့မိတဲ့ အပြစ်နဲ့ မယှဉ်နိုင်ပေ.

Poliana က Lucius ကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တာဖြစ်သည်. မုဒိန်းကောင်နဲ့ နစ်နာသူက ဘာတွေဖြစ်ခဲ့လဲဆိုတာကို မေ့ပစ်ဖို့ သဘောတူခဲ့ပေမဲ့ Poliana က ပြစ်မှုကျူးလွန်ခဲ့တယ် ဆိုတဲ့အချက်ကတော့ မပြောင်းလဲသွားပေ.

သဘောထားကြီးမြတ်တဲ့ဧကရာဇ်က သူမကို အဲ့ညအကြောင်း မေ့ပစ်ဖို့ ပြောခဲ့ပေမဲ့ Poliana ကတော့ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး စွဲလန်းနေမိသေးသည်. သူမက အဲ့ညအကြောင်း စဉ်းစားနေမိတာကို မရပ်တန့်နိုင်ပေ. အဲ့ဒီ့ညနဲ့ပတ်သက်ပြီးတော့ သူမ အများကြီး မှတ်မိနေတာမျိုးလဲ မဟုတ်ပေ. ပြီးတော့ ဒါက သူမအနေနဲ့ ယောက်ျားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ပထမဆုံးအကြိမ် ထိတွေ့ဖူးတာလဲမဟုတ်ခဲ့ပေ.

ဒါဆို သူမက ဘာလို့ ဒီအကြောင်းကို မစဉ်းစားပဲ မနေနိုင်ရတာလဲ?

Poliana ကို လိင်မဲ့သဘောမျိုး ဆက်ဆံခဲ့ကြတာကြောင့် သူမက အဝတ်မပါတဲ့ အမျိုးသားတွေကို တွေ့မြင်ဖူးသည်. သူမက သူတို့တွေကို ထိတွေ့ဖူးခဲ့တာမျိုးလဲ ရှိခဲ့တာကြောင့် Lucius ရဲ့ ခန္ဓာကိုယ်ကိုပဲ သူမ မှတ်မိနေစရာအကြောင်းမရှိပေ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now