အခန်း ၂၇၉

40 4 0
                                    

Lucius က ပြန်ငြင်းလိုက်သည်.

"ငါတို့ တစ်နည်းနည်းနဲ့ လုံးထွေးသွားတာလဲ ဖြစ်နိုင်တာပဲ! မင်းသိတယ်မလား, တကယ်လို့ မင်း လူးလှိမ့်လိုက်တာမျိုးဆိုလဲ အဲ့လိုဖြစ်နိုင်တာပဲ!"

Poliana က အော်လိုက်သည်.

"အရှင့်အပေါ်မှာ ဒီအတိုင်းပဲ ထိုင်မိတာဆိုရင် ကျွန်မက ဒီလိုပြောမယ်လို့များ ထင်နေလား?!"

Poliana က ဧကရာဇ်အရှေ့မှာတောင် အော်ဟစ်ရဲသည်. သူမမျက်နှာက စိတ်ရှုပ်ဟန်နဲ့ ရှုံ့တွသွားကာ သူ့ခွင့်ပြုချက်မယူပဲ အခန်းထဲကနေ ထွက်သွားလိုက်သည်. Lucius က သူမကို မတားဆီးနိုင်လိုက်ပေ. သူက သေချာမစဉ်းစားနိုင်တော့အတွက် သူ့ကိုယ်သူ အံ့ဩမိနေသည်. သူ့နှလုံးသားကလဲ မိုင်ပေါင်းများစွာ မရပ်မနားပြေးနေရသလိုမျိုး လျင်မြန်စွာနဲ့ ခုန်ပေါက်နေသည်.

'စိတ်အေးအေးထား Lucius.... စိတ်အေးအေးထား..... စိတ်အေးအေးထား.... ငါ စိတ်အေးအေးထားဖို့လိုတယ်...'

ဧကရာဇ်က သူ့လက်ပေါ် မေးစေ့တင်လိုက်ကာ သေချာစဉ်းစားလိုက်သည်. ဒါဆို.. သူက အိပ်ယာပေါ်လှဲခဲ့ပြီး Poliana က သူ့အပေါ်မှာ ရှိခဲ့တာ... ပြီးတော့ သူမက သူ့အပေါ်မှာ ဒီအတိုင်း ထိုင်ခဲ့တာမဟုတ်ဘူး.... ပြီးတော့ ဒီမှတ်ဉာဏ်အပိုင်းအစပေါ်မှာ အခြေခံကာ သူမက သူ့ရဲ့အရက်မူးနေတဲ့ ခန္ဓာကိုယ်ကို အမြတ်ထုတ်ခဲ့တယ်လို့ သေချာပြောနေသည်.....

ဒါဆို....

'သူမက ငါ့အပေါ်မှာရှိခဲ့တာ!'

ထပ်ပြီး ရှင်းပြစရာမလိုတော့ပေ.

...!

ဧကရာဇ်က သူ့ရင်ဘတ်ကို ဆုပ်ကိုင်ရင်းနဲ့ စားပွဲခုံပေါ် လဲကျသွားသည်. သူ့ရဲ့နှလုံးသား, သိက္ခာနဲ့ လိုအပ်ဆန္ဒတွေ အားလုံးက ဒီမှတ်ဉာဏ်အပိုင်းအစလေးကြောင့် ပျက်စီးသွားသည်. အရမ်းအံ့အားသင့်စရာကောင်းခဲ့ပြီးတော့ ကြီးမားတဲ့ကိစ္စကြီးဖြစ်ခဲ့တာတောင်... သူက ဘာတစ်ခုမှ မမှတ်မိနိုင်ပေ.. သူက သူ့ကိုယ်သူ မုန်းတီးသွားသည်. ဘာကိုမမှတ်မိနိုင်တဲ့ သူ့ဦးနှောက်မှတ်ဉာဏ်တွေကို မုန်းတီးသွားသည်.

သူမရဲ့ရင်သားတွေကို ထိတွေ့ခံစားမိခဲ့တဲ့ မှတ်ဉာဏ်အပိုင်းအစလေးနဲ့ ပတ်သက်ပြီး တိတ်တခိုးပျော်ရွှင်ခဲ့မိတာကြောင့် Lucius က ရူးချင်သလိုဖြစ်သွားသည်. ပိုပြီးတော့ ကြီးကျယ်တဲ့ ကိစ္စဖြစ်ပျက်ခဲ့တာကိုတောင် သူက သူမရင်သားတွေကိုပဲ ဝိုးတဝါးမှတ်မိနိုင်သည်... ဧကရာဇ်က ငိုချင်သွားသည်. ဒါက သူ့မိဘတွေ သေဆုံးသွားပြီးတဲ့နောက်ပိုင်း ပထမဆုံးအနေနဲ့ ဒီလိုငိုချင်လာတာဖြစ်သည်.

Emperor and the Knightness (Zawgyi) Book - 2Tempat cerita menjadi hidup. Temukan sekarang