အခန်း ၂၅၂

42 5 0
                                    

စစ်သည်တစ်ယောက်က ရုတ်တရက်မေးလာသည်.

"တကယ်လို့ Marquess Winter က Frau ရဲ့ တရားမဝင်သားအကြောင်းကို သိနေပြီးသား ဆိုရင်ရော? ဒါမှမဟုတ် ကျွန်တော်တို့ သူမကို ပြောပြီးတာတောင် သူမက အဲ့လူကို လက်ထပ်ချင်နေသေးတယ် ဆိုရင်ရော?"

Sir Donau က ဒေါသတကြီးနဲ့ ပြန်ပြောလိုက်သည်.

"ကျွန်တော့်မွေးစားအစ်မက အဲ့လိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး!"

Sir Howe က ခေါင်းငြိမ့်ကာ

"ဟုတ်တယ်! Polက အဲ့လောက်ထိ မရူးမိုက်ဘူး!"

Lucius က ညီအစ်ကိုနှစ်ယောက်ပြောတာကို သဘောတူလိုက်သည်. သူ့ဘဝမှာ ဘယ်တုန်းကမှ ဒီလောက်အထိ ဒေါသမဖြစ်ဖူးပေ. စစ်ပွဲအတွင်းမှာ Duke Luzo က သူ့ကို သစ္စာဖောက်ခဲ့ရင်တောင် သူက ဒီလောက်ဒေါသဖြစ်မိမှာမဟုတ်ပေ. ဧကရာဇ်က ပြောလိုက်သည်.

"Frau Sneke က Marquess ကို လှောင်ပြောင်စရာတစ်ခုဖြစ်အောင် လုပ်ခဲ့တာက သူ့ဧကရာဇ်ဖြစ်တဲ့ ငါ့ကိုပါ ဟာသတစ်ခုအဖြစ် သတ်မှတ်လိုက်တာပဲ! အတင့်ရဲလိုက်တာ! သူကများ ငါ့ရဲ့ Sir Pol ကို ဒီလို အတင့်ရဲပြီးတော့ လုပ်ရဲတယ်!"

Lucius က အရမ်းဒေါသထွက်နေတာကြောင့် Poliana အတွက် သူ့ခံစားချက်တွေကို မဖုံးထားနိုင်တော့ပေ. ကျေးဇူးတင်ဖို့ ကောင်းစွာနဲ့ ဘယ်သူမှ သတိမပြုမိလိုက်ပေ. Poliana က ဧကရာဇ်အနှစ်သက်ဆုံးစစ်သည် ဖြစ်တယ်ဆိုတာကို လူတိုင်းသိနေကြသည်. သူတို့က အဝတ်မပါပဲ တူတူရှိခဲ့တာကို သိခဲ့တာတောင်မှပဲ သူတို့က စိတ်ကူးယဉ်ဆန်တဲ့ပုံစံမျိုးနဲ့ ပတ်သက်ခဲ့ကြတယ်လို့ ဘယ်သူကမှ သံသယမဖြစ်ခဲ့ကြပေ.

အခန်းထဲမှာ ရှိတဲ့ လူအားလုံးက ဒေါသဖြစ်နေကြသည်. သူတို့က ချမ်းသာကြွယ်ဝပြီးတော့ အာဏာရှိတဲ့ အမျိုးသားတွေဖြစ်ပြီး သူတို့က သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်အတွက် ကလဲ့စားချေဖို့ အသင့်ဖြစ်နေကြသည်.

"ငါတို့ အခုချက်ချင်း အဲ့ကောင်ကို သွားသတ်မယ်"

"ဒီကောင့်ကို အရှင်လတ်လတ် မီးရှို့ရအောင်"

"ငါ့တို့ သူ့ခြေလက်တွေကို အရင်ဖြတ်ပြီးတော့ မြို့တော်ခန်းမရှေ့မှာ ဇောက်ထိုးချိတ်. ပြီးတော့ လူတွေကို ခဲလုံးနဲ့ ပစ်ခိုင်းရင်ရော?"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now