အခန်း ၃၃၁

44 7 0
                                    

Lucius က သူတို့သားဦးလေးအကြောင်းကို ထုတ်ပြောလာသည်. ဒီကလေးငယ်လေးက နေ့စဉ်ကြီးထွားလာနေပြီး ဧကရာဇ်ကတော့ Gerald ကို ထားကာ မြို့တော်ကို လာခဲ့ရတဲ့ Poliana အတွက် စိတ်ပူနေသည်.

ဒါပေမဲ့ Lucius ထင်နေတာ မှားယွင်းနေခဲ့သည်. Poliana က တစ်စက်လေးမှ စိတ်မပူနေပေ.

"ကျွန်မ သူ့ကို ကလေးထိန်းနဲ့ထားခဲ့တာလေ. သူက အရမ်းကျန်းမာရေးကောင်းတာ"

"ကလေးက ကျန်းမာရေးကောင်းနေရင်တောင်မှ သူက မိခင်နဲ့ခွဲနေဖို့က ငယ်လွန်းသေးတယ်လို့ မင်း မထင်ဘူးလား?.. ငါတော့ စိတ်ပူတယ်"

Poliana က လုံးဝယုံကြည်စိတ်ချတဲ့လေသံနဲ့ ပြန်ပြောလိုက်သည်.

"စိတ်ပူစရာမလိုပါဘူးအရှင်... ကိုယ်ဝန်ဆောင်ကာလအစောပိုင်းမှာ ကလေးပျက်ကျနိုင်ချေများတယ်လို့ ပြောကြတယ်မလား ဒါပေမဲ့ Gerald ကတော့ ပထမတပ်ဖွဲ့ရဲ့ လေ့ကျင့်ရေးကိုတောင် ဖြတ်ကျော်နိုင်ခဲ့တယ်လေ. အခုထိ သူက နာမကျန်းတာမျိုး မရှိဖူးဘူး.. မွေးကင်းစကလေးတွေ အဖြစ်များတဲ့ ဝမ်းပျက်တာ အအေးမိတာမျိုးတောင် မဖြစ်ဖူးဘူး. သူက ကလေးကြီး တစ်ယောက်လိုတောင်ဖြစ်နေပြီ. ပြီးတော့ သူ့ကျန်းမာရေးက အရမ်းကောင်းတယ်"

"အင်း... မင်းရောငါရောက ကျန်းမာသန်စွမ်းတာဆိုတော့ ဒါက အဓိပ္ပါယ်ရှိတယ်.."

Gerald ရဲ့ သန်မာကြံ့ခိုင်ပြီး ပြည့်ဖောင်းနေတဲ့ ခန္ဓာကိုယ်ကို Lucius က မြင်ယောင်လိုက်သည်. မွေးကင်းစကလေးတွေနဲ့ ပတ်သက်ပြီး ဧကရာဇ်မှာ အတွေ့အကြုံအများကြီး မရှိပေ. အသက် ၂ နှစ်ပြည့်ခါနီးပြီဖြစ်တဲ့ Duke Luzo ရဲ့သားရယ် လမပြည့်ပဲ စောမွေးလာတဲ့ မင်းသမီးလေး Luminae နဲ့ အခု သူ့ရဲ့ နောက်ဆုံးကလေး Gerald. ဒါပေမဲ့ Gerald ဘယ်လောက်ကျန်းမာရေးကောင်းလဲ ဆိုတာကို သိဖို့အတွက် ဝမ်းဆွဲသည်တစ်ယောက်လိုမျိုး အတွေ့အကြုံရှိစရာမလိုအပ်ပေ.

Lucius နဲ့ Poliana တို့က ထမင်းစားနေရင်းနဲ့ ရောက်တတ်ရာရာစကားတွေပြောနေကြသည်. သူတို့က မကြာခဏထမင်းအတူစားကာ စကားစမြည်ပြောနေကျဖြစ်တဲ့အတွက်ကြောင့် ဒါက သူတို့အတွက် အဆန်းတော့မဟုတ်ပေ. သူတို့ စကားပြောနေရင်းနဲ့ Poliana က သက်တောင့်သက်သာပြန်ဖြစ်လာသည်. မင်းသမီးလေး Luminae က သူမကို "ဟင်အင်း"ဆိုပြီး ငြင်းဆန်ခဲ့တဲ့အကြောင်းကို Poliana ပြောပြလိုက်တော့ ဧကရာဇ်ကလဲ သူ့အတွေ့အကြုံကို ပြောပြလာခဲ့သည်. သူ့ကို ငြင်းဆန်ခဲ့တဲ့အတွက် သူစိတ်ထိခိုက်ခဲ့ရကြောင်း ပြောလိုက်တော့ Poliana ကလဲ သူ့ကို ထောက်ခံလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now