အခန်း ၃၄၁

26 5 0
                                    

အဲ့နေ့က Poliana အိမ်ကို ပြန်ရောက်တော့ တော်ဝင်ရဲတိုက်ကနေ ပို့လိုက်တဲ့ လက်ဆောင်တွေကို တွေ့လိုက်ရသည်. အဲ့တာတွေက ကြီးမားတဲ့လှည်းကြီးနဲ့အပြည့်ရှိနေတဲ့ ရာပေါင်းများစွာသော ပန်းတွေဖြစ်သည်. ကြည့်ရတာ ဖန်လုံအိမ်ထဲက ပန်းတွေအားလုံးကို ခူးပြီး ဒီလှည်းကြီးထဲ ထည့်ပေးလိုက်ပုံရသည်.

အိမ်တော်ထိန်းနဲ့ အစေခံတွေက ဂုဏ်ယူဝံ့ကြွားမှုအပြည့်နဲ့ ပန်းတွေကို အိမ်ထဲ သယ်နေကြသည်. ဒီလက်ဆောင်တွေက သူတို့ရဲ့သခင်မ Marquess Winter က ဧကရာဇ် သဘောအကျဆုံးလူဖြစ်တဲ့အကြောင်း သက်သေပြနေသလိုဖြစ်သည်. Poliana ရဲ့ အိမ် ပထမထပ်တစ်ခုလုံးက ပန်းတွေနဲ့ ပြည့်သွားသည်.

ဒီပန်းတွေက သာမာန်ပန်းတွေမဟုတ်ကြပေ. ပန်းမျိုးစေ့တွေက တိုင်းပြည်အနှံ့ကဖြစ်ပြီး ရဲတိုက်က ဥယျာဉ်မှူးတွေက နှစ်ပေါင်းများစွာ မမောနိုင် မပန်းနိုင် အချိန်ယူကာ စိုက်ပျိုးခဲ့ကြတဲ့ ပန်းတွေဖြစ်သည်. ဒီပန်းတွေက နွေဦး, နွေရာသီနဲ့ ဆောင်းဦးရာသီတွေမှာ ပွင့်တဲ့ပန်းတွေဖြစ်ကြသည်.

ဧည့်ခန်းမဆောင်ကြီး တစ်ခုလုံးက ပန်းတွေရဲ့ မွှေးရနံ့တွေ ထုံလွှမ်းနေကာ မွန်းကျပ်သလိုတော့ မဖြစ်နေပေမဲ့ Poliana ကတော့ ဧကရာဇ်ရဲ့လက်ဆောင်တွေကို ကြည့်ရင်း မူးဝေလာသလို ခံစားလိုက်ရသည်.

"သခင်မ, ဒီပန်းတွေကို ဘယ်လိုလုပ်ရမလဲ?"

"အမ်... ဒါတွေက အရှင့်ဆီကဆိုတော့ ငါတို့က သေချာကိုင်တွယ်ရမယ်"

"အဲ့တာဆိုရင် ကျွန်တော် ဒီပန်းတွေကို သေချာပြင်လိုက်မယ် သခင်မ. အနံ့ပြင်းတဲ့ပန်းတွေကိုတော့ သခင်မရေချိုးဖို့နဲ့ ရေမွှေးလုပ်ဖို့ ထားလိုက်မယ်. ရောင်စုံပန်းတွေကိုတော့ အခြောက်ခံပြီးတော့ အမွှေးနံ့အိတ်လေးတွေ လုပ်လိုက်မယ်. ကျန်တာတွေကိုတော့ ပန်းအိုးတွေထဲ ခွဲထည့်ပြီးတော့ တတ်နိုင်သလောက် ကြာကြာခံအောင် လုပ်ထားလိုက်မယ်"

သူမဆီမှာ အရမ်းတော်တဲ့အိမ်တော်ထိန်းရှိနေတာကြောင့် Poliana က ကျေးဇူးတင်နေမိသည်. Poliana ကိုင်ထားတဲ့ ပန်းစည်းကို အိမ်တော်ထိန်းကတွေ့သွားတော့ သူက မေးလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now