အခန်း ၂၆၈

51 5 0
                                    

Poliana က Lucius ကို ပြောလိုက်သည်.

"ဒီလိုပြစ်မှုအတွက် ကျွန်မ ဘယ်လိုပြန်ပေးဆပ်နိုင်မလဲ..."

သူမက ဒီအခြေအနေကို တစ်နည်းနည်းနဲ့ ဖြေရှင်းဖို့ ဆုံးဖြတ်ထားပုံရသည်. လိုအပ်လာရင် သူမကိုယ်သူမ ဓါးနဲ့ထိုးလိုက်ဖို့အထိ Poliana က အဆင့်သင့်ဖြစ်နေသည်. သူမက အစတည်းက သတ်သေလိုက်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး သူမက အမိန့်တစ်ခုသာ လိုအပ်တော့သည်.

Lucius က သူမကို ရပ်တန့် စတင်အာရုံစိုက်လိုက်သည်.

"မင်း ဘာအမှားမှ မလုပ်ခဲ့ဘူး. Sir Pol. ဘာတစ်ခုမှ မလုပ်ခဲ့ဘူး. အကုန်လုံးက ငါ့အမှားတွေပဲ"

"မဟုတ်ဘူး အရှင်!ဒါတွေအကုန်လုံးက ကျွန်မအမှားတွေပါ! တကယ်လို့ ကျွန်မသာ ဒီကျိန်စာသင့်နေတဲ့အရက်တွေ ယူမလာဘူးဆိုရင်.. တကယ်လို့ ကျွန်မသာ အမူးမလွန်နေခဲ့ဘူးဆိုရင်... ကျွန်မက အရှင့်ကို အမြတ်ထုတ်မိတဲ့ ကြောက်စရာကောင်းတဲ့အပြစ်မျိုး ကျူးလွန်မိမှာမဟုတ်ဘူး!"

"ဒါပေမဲ့ ငါပြောတာကို နားထောင်ပါဦး. မင်းထင်နေသလို လုပ်ခဲ့တယ်ဆိုတဲ့ သက်သေမှ မရှိတာ. Sir Pol. ငါကသာ မင်းကို အမြတ်ထုတ်ခဲ့တာ သေချာတယ်"

"အရှင်! ကျွန်မလို ရုပ်ဆိုးတဲ့မိန်းမမျိုးနဲ့အိပ်မဲ့အစား ညစ်ပတ်နေတဲ့ ပြည့်တန်ဆာနဲ့ပဲ အိပ်လိုက်မယ်လို့ အရှင် ကျွန်မကို ပြောခဲ့ဖူးတယ်. အရှင်က တကယ်အလေးအနက်ပြောခဲ့တာ ပြီးတော့ ကျွန်မ အရှင့်စကားတွေကို ဘယ်တော့မှ မမေ့ဘူး. ဒါကြောင့် အရှင့်ကို ဒီလိုလုပ်မိတာက... ကျွန်မအပေါ်ထားတဲ့ အရှင့်ရဲ့ယုံကြည်မှုတွေကို ရိုက်ချိုးမိတာပဲ.."

Lucius က သူ့ပါးစပ်ကို ပိတ်လိုက်သည်. သူက စကားလုံးတွေကို သေချာမမှတ်မိပေမဲ့ Poliana ကတော့ မှတ်မိနေတာ သေချာသည်.

'အာ.. သူမက အဲ့တာကို မှတ်မိနေသေးတယ်? အခုထိ အဲ့အကြောင်းကို စဉ်းစားနေခဲ့တာလား? သေစမ်း! အဲ့လိုဟာတွေကို ဘာလို့ ဒီအတိုင်းမမေ့လိုက်တာလဲ...'

တကယ်လို့ သူက အချိန်နောက်ပြန်သွားလို့ရခဲ့ရင် အဲ့တုန်းက သူ့ကိုယ်သူ ကို ရိုက်ပစ်ကာ အဲ့လိုစကားပြောခဲ့တဲ့ သူ့ပါးစပ်ကို ဆွဲထိုးပစ်ချင်နေသည်. ဒီအမျိုးသမီးက သူ့ဘဝမှာ ဘယ်လောက်အထိ အရေးကြီးလာမလဲဆိုတာကို အဲ့တုန်းကသာ သူသိခဲ့ရင်! ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ သူက ဒီအမျိုးသမီးကို ချစ်မိသွားမယ်ဆိုတာကိုသာ ကြိုသိခဲ့မိရင် သူက တခြားနည်းလမ်းတွေနဲ့ ချဉ်းကပ်ခဲ့မိမှာ ဖြစ်သည်!

Emperor and the Knightness (Zawgyi) Book - 2Kde žijí příběhy. Začni objevovat