အခန်း ၂၀၉

38 1 0
                                    

Poliana က Lady Tory နဲ့ Lady Stra ကို ပြောလိုက်သည်.

"မင်းတို့ကို ကာကွယ်ရမှာက ငါ့တာဝန်ကို ငါက မင်းတို့ကို Nanaba မှာ ထားခဲ့ပြီးတော့ မင်းတို့ Yapa ပြန်ရောက်လာတော့လဲ ငါလာမတွေ့နိုင်ခဲ့ဘူး. ငါလုပ်ခဲ့တာတွေအတွက် မင်းတို့ရဲ့ခွင့်လွှတ်မှုကို တောင်းခံရတော့မယ်"

ဒီအမျိုးသမီးတွေနားမှာ နှစ်လလောက် မနေနိုင်ခဲ့တာကြောင့် Poliana က သူမကိုယ်သူမ စိတ်ပျက်နေခဲ့သည်. Lady Stra နဲ့ Lady Tory တို့ကတော့ တောင်းပန်စရာမလိုတဲ့အကြောင်း ပြောလာခဲ့သည်. သူတို့က သူမကို ရပ်တန့်ဖို့ ကြိုးစားခဲ့ပေမဲ့ Poliana က သူတို့ကို ငြင်းဆန်ကာ ကြမ်းပြင်မှာ ဒူးထောက်နေခဲ့ကာ ဆက်ပြောလိုက်သည်.

"ဧကရာဇ်ရဲ့အမိန့်ကြောင့် မင်းတို့ဆီမှာ အမှုထမ်းခဲ့တာဖြစ်ပေမဲ့ ငါ မင်းတို့ရဲ့ ကာကွယ်သူဖြစ်လာတာကို ဂုဏ်ယူခဲ့တယ်. မင်းတို့က ငါကာကွယ်ပေးရမဲ့ အမျိုးသမီးတွေဖြစ်ပေမဲ့ ငါ့အလုပ်ကို သေချာမလုပ်ခဲ့တဲ့အတွက်ကြောင့် ငါ့မှာ အပြစ်ရှိတယ်. အခုကစပြီးတော့ မင်းတို့ကိုကာကွယ်ဖို့အတွက် ပိုပြီးတော့ ကြိုးစားပါ့မယ်"

"ကျေးဇူးပြုပြီးတော့ Marquess ရှင်ဒီလိုလုပ်စရာမလိုပါဘူး. ရှင်တောင်းပန်ဖို့ မလိုသလို အပြစ်ရှိတဲ့စိတ်လဲ ဖြစ်စရာမလိုဘူး"

"ဟုတ်တယ် Marquess Winter. ကျွန်မတို့ကို ဒီလောက်ကောင်းဖို့ မလိုပါဘူး. ရှင်က ကျွန်မတို့ကို ငိုအောင်လုပ်နေတာပဲ.."

Stra က သူမလက်ကိုင်ပုဝါကိုထုတ်လိုက်ကာ မျက်ရည်တွေကို သုတ်လိုက်သည်. Poliana ရဲ့ သူတို့အပေါ်ထားရှိတဲ့ သစ္စာရှိမှုနဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုတွေက သူတို့ကို ပိုပြီးတော့ ဝန်ထုပ်ဝန်ပိုးဖြစ်စေလာသည်. Lucius အနေနဲ့ သူ့အပေါ် ဒီလိုကိုးကွယ်ရိုသေတဲ့လူတွေကို ဘယ်လိုကိုင်တွယ်လဲဆိုတာကို အမျိုးသမီးတွေက သိချင်သွားသည်.

"ကျေးဇူးပြုပြီးတော့ မတ်တပ်ရပ်ပါ Marquess. ကျွန်မတို့အတွက်တော့ ရှင်က ကျွန်မတို့ မျှော်လင့်လို့ရတဲ့ အကောင်းဆုံးစစ်သည်ပါပဲ"

"ဟုတ်ပါတယ်ရှင် Sir Pol ကျေးဇူးပြုပြီး မတ်တပ်ရပ်ပါ. အခု ရှင် မင်းသမီးလေးကို သွားနှုတ်ဆက်ရမဲ့အချိန်ရောက်ပြီ"

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now